ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 05, 2012

ကေအိုင်အေ(ကချင်) လက်နက်ကိုင်အဖွဲ့၏ အကြောင်း မဲ့ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးဒဏ်ရာရ


From : မြ၀တီ


ကေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့အနေဖြင့် ကချင်ပြည်နယ်အတွင်း လမ်းတံတားနှင့် တာဝါတိုင်များ မိုင်းခွဲခြင်း၊ အများပြည်သူသုံး ဆက်သွယ်ရေး လမ်းကြောင်းများကို နှောင့်ယှက်တိုက်ခိုက်ခြင်းစသည့် ဒေသခံတိုင်းရင်းသားများ အကျိုးပျက်စီးစေမည့် အဖျက်လုပ်ငန်းများ အဆင်မပြတ် ဆောင်ရွက်လျက်ရှိရာ ၂၀၁၂ ခုနှစ် မေ ၃၁ ရက် ည ၇ နာရီ ၃၀ မိနစ်ခန့်က ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအား အေအိုင်အေ (ကချင်) လက်နက်ကိုင်အဖွဲ့က လောင်းချာ/ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့သည်။ ထိုသို့ ပစ်ခတ်မှုကြောင့် ဆိပ်မူကျေးရွာတွင် နေထိုင်သူ ဦးနေလင်းအောင် ၃၀ နှင့်( ဘ) ဦးခင်မောင်တင် သေဆုံးပြီး အရပ်သား ခုနစ်ဦး ဒဏ်ရာရခဲ့သည်။ ဒဏ်ရာရလူနာများအား တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဖားကန့်မြို့နယ် ဆေးရုံသို့ ပို့ဆောင်ကုသပေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment