ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 05, 2012

ဆက်တိုက်ဖြစ်ပေါ်နေသော မင်းမဲ့စရိုက် လူသတ်မှုများကြောင့် ယခင် တပ်မတော် အစိုးရလက်ထပ် ငြိမ်ဝပ်ပိပြား မှု ကို ပြည်သူလူထု က ပြန်လည် လိုလား တောင့်တ လာ



မြောက်ဒဂုံ တွင် မျက်နှာဖုံးစွပ် လူ အယောက် ၂၀ ခန့်မှ မင်းမဲ့စရိုက်ဆန်စွာ ဓားဖြင့်ဝိုင်းထိုးမှု၊ ဗိုလ်ချုပ်ဈေးအနီးတွင် ကားနှင့် ဒရွတ်တိုက်စွဲကာ သတ်ဖြတ်မှု၊ မေလ (၃၀) ရက်နေ့ ဒီပဲရင်း ၉ နှစ် ပြည့် အထိန်းအမှတ် လမ်းမတော်မြို့နယ် (၃)ရပ်ကွက် အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား နေ အသက်(၁၆)နှစ်အရွယ် တက္ကသိုလ်ဝင်တန်းဖြေဆိုထားသော မစုစန္ဒီအောင်အား ဓားဖြင့် ခုတ်သတ်ပြီး အိမ်မီးရှို့ မှု၊ မွတ်ဆလင် ကုလား သုံးဦးမှ မသီတာထွေးအား မုဒိန်းကျင့်သတ်ဖြတ်မှု နှင့် တောင်ကုတ် တွင် လူ (၁၀) ဦး ရက်ရက်စက်စက် သတ်ဖြတ်ခံရမှု စသည်ဖြင့် ဆက်တိုက်ဖြစ်ပေါ်နေသော မင်းမဲ့စရိုက် ဆန်သည့် လူသတ် မုဒိန်းကျင့် မီးရှို့မှုများကြောင့် မြန်မာပြည်သူတို့ဟာ ၎င်း တို့ဘဝ လုံခြုံရေးအတွက် ယခင် တပ်မတော် အစိုးရလက်ထပ် ငြိမ်ဝပ်ပိပြား မှု ကို ပြည်သူလူထု က ပြန်လည် လိုလား တောင့်တ လာ ကြောင်း သတင်းရရှိသည်။


ဒေါ်အောင်ဆန်းစုကြည် NLD ပါတီ ဥက္ကဌ နေရာကို အတင်းအဓမ္မ ယူခဲ့ပြီးနောက်ပိုင်းတွင်း ဒီမိုကရေစီ ကို အကြောင်းပြပြီး လူရမ်းကား အတော်များများက နိုင်ငံခြား ဇတ်လမ်းတွဲများကဲသလို့ ဒီမိုကရေစီဆန်ဆန် လူသတ်၊ ဒရွတ်တိုက်စွဲ၊ မုဒိန်းကျင့် မီးရှို့မှုများ ပြုလုပ်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် အမတ်ဖြစ်ပြီးချိန်တွင် အခြေအနေ ပိုဆိုးလာပြီး အခုဆိုရင် မင်းမဲ့စရိုက်လူသတ် မီးရှို့မှုများဟာ နေရာ အနှုံ့အပြားတွင် ဆက်တိုက် ဖြစ်ပွားနေပြီဖြစ်သည်။

တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး မိမိတို့ရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အခိုင်အမာ လုံခြုံမှုရှိစေရန်အတွက် ပြည်သူအများစုမှာ မင်းမဲ့စရိုက်ကို ငြိမ်ဝတ်ပိပြားစေမယ့် အုပ်ချုပ်သူကို လိုလားလာကြပြီး ဆန္ဒပြမှုနဲ့ ရုပ်ရုပ်သဲသဲများကို အားပေးသည့် လွှတ်တော် အမတ်များကို အလိုမရှိကြောင်း ကို ကော့မှုးမြို့မှ ဒေသခံ တစ်ဦးက အခုလိုပြောပြသည်။

"ဒီမိုကရေစီတွေ... ချမ်းသာကြွယ်ဝ မှုတွေ က ကျွန်တော်တို့အတွက် အရေးမကြီးဘူး.... အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်နိုင်တဲ့ အစိုးရ၊ နိုင်ငံတော်ကို ငြိမ်ဝတ်ပိပြားအောင် လုပ်နိုင်တဲ့ အရင်လို အစိုးရကိုပဲ လိုချင်ပါတယ်... ဒီမိုကရေစီ နိုင်ငံဆိုပြီး အနောက်နိုင်ငံတွေမှာလို လူတိုင်း သေနတ်တွေ၊ ဓားတွေ ကိုင်ပြီး သတ်ချင်သလို သတ်နေ တာထက် စာရင် တပ်မတော် အစိုးရကိုပဲ ပြန်အုပ်ချုပ်စေချင်ပါတယ်...."

ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်၏ ဖိတ်ခေါ်မှုကြောင့် ပြည်ပမှ ပြန်လာသူ ယခင် အစိုးရ အတိုက်အခံ တစ်ဦးကတော့ ၎င်း ၏ အတွေ့အကြုံနှင့် ယှဉ်ပြီး အခုလို ပြောပြသည်။

"တကယ်တမ်းတော့ လူတွေ အကြောက်တရားနဲ့ အုပ်ချုပ်မှ ရတာဗျ... အထူးသဖြင့် မြန်မာလူမျိုးတွေက သဘောတရားနဲ့ အုပ်ချုပ်လို့ လုံးဝမရဘူး... လစ်ရင် လစ်သလို လုပ်ချင်ကြတယ်လေ... မင်းမဲ့စရိုက် အဆောက်အုံတွေ ဖြိုနေတယ်၊ မီးရှို့နေတယ်.. ရဲတွေ လာရင် ဂရုမစိုက်ဘူး... စစ်သား လာရင်လည်း မကြောက်သေးဘူး... သေနတ်ဆိုရင်လည်း မရသေးဘူး... သူတို့ကြောက်တာ ကျည်ဆံမှ ကြောက်တာ..."

ဟု ဆိုသည်။

မင်းမဲ့စရိုက် လူသတ် မုဒိန်းကျင့် မီးရှို့မှု ၊ အကြောင်းပြချက် အမျိုးမျိုးဖြင့် ဆန္ဒပြမှု နှင့် ဆန္ဒပြခြင်းကို အားပေးနေသူ ပါတီအချို့နှင့် အဖွဲ့အစည်းအချို့ကို တည်ငြိမ်အေးချမ်းမှုကို လိုလား သော ပြည်သူလူထု တစ်ရပ်လုံးက စိတ်ပျက်လျှက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment