ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 26, 2012

နိုင်ငံခုနှစ်နိုင်ငံမှ ကုမ္ပဏီများနှင့် သဘာဝဓါတ်ငွေ့ တူးဖော်ရေး သဘောတူစာချုပ် ကိုးခု ချုပ်ဆို



From : ခေတ်လူငယ်
၂ဝ၁၂ ခုနှစ် မတ်လ ၉ ရက်နေ့မှ ဇွန်လ ၁၄ ရက်နေ့အထိ စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် နိုင်ငံခုနစ်နိုင်ငံမှ ကုမ္ပဏီများသည် သဘာဝဓာတ်ငွေ့ တူးဖော်ရေးစာချုပ် ကိုးခုကို ချုပ်ဆိုခဲ့ကြောင်း သတင်းရရှိသည်။ ယင်းသို့ စာချုပ်ချုပ်ဆိုခဲ့သော နိုင်ငံများတွင် ဟောင်ကောင်၊ ဆွဇ်ဇာလန်၊ မလေးရှား၊ အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ရုရှား စသည့်နိုင်ငံများ ဖြစ်ကာ မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကုမ္ပဏီနှစ်ခုစီ ပါဝင်ခဲ့သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြထားချက်များအရ သိရှိရပါသည်။ စာချုပ်ကိုးခုလုံးတွင် မြန်မာနိုင်ငံ တိုင်းရင်းသားပိုင်ကုမ္ပဏီများက ပါတနာအဖြစ် ပါဝင်လာကြောင်း သိရှိရသည်။ ဟောင်ကောင် EPI Holdings Ltd. နှင့် ကုန်းတွင်းလုပ်ကွက် RSF-10 အတွက်စာချုပ်ချုပ်ဆို လုပ်ကိုင်ရာတွင် မြန်မာနိုင်ငံ တိုင်းရင်းသားပိုင် ကုမ္ပဏီ Aye Myint Khine၊ ဆွဇ်ဇာလန်နိုင်ငံမှ Geopetro Int’l Holding Inc နှင့် ကုန်းတွင်းလုပ်ကွက် RSF-9 အား စာချုပ်ချုပ်ဆိုရာတွင်A-1 Mining၊ မလေးရှားနိုင်ငံမှ Petronas Carigali Myanmar Inc နှင့် ကုန်းတွင်းလုပ်ကွက် RSF-2 နှင့် RSF-3 တို့အား UNOG ၊ အိန္ဒိယနိုင်ငံမှ Jubilant Energy နှင့် ကုန်းတွင်းလုပ်ကွက် PSC-1 အား Parami Energy ၊ ထိုင်းနိုင်ငံ PTTEP South Asia Ltd နှင့် ကုန်းတွင်းလုပ်ကွက် PSC-G နှင့် EP-2 တို့အား Win Precious Resources ၊ အင်ဒိုနီးရှားနိုင်ငံ Istech Energy နှင့် ကုန်းတွင်းလုပ်ကွက် EP-5 အား SMART ကုမ္ပဏီ၊ ရုရှားနိုင်ငံ CIS Nobel Oil Company နှင့် ကုန်းတွင်းလုပ်ကွက် PSC-E အား Alister ကုမ္ပဏီတို့က ပါတနာအဖြစ် ပါဝင်လာကြောင်း သိရသည်။ မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့ အပါအဝင် ပို့ကုန်များကို ပြည်ပသို့ တင်ပို့ရာတွင် အာရှနိုင်ငံများသို့ အများဆုံး တင်ပို့နေခြင်းဖြစ်ကြောင်း၊ သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့လျက်ရှိပြီး ထိုင်းနိုင်ငံ စွမ်းအင်သုံးစွဲမှုပမာဏ၏ ၃ဝ ရာခိုင်နှုန်းကျော်ကို မြန်မာနိုင်ငံမှ ရရှိနေခြင်းဖြစ်ကြောင်းလည်း သိရှိရပါသည်။ လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓါတ်အား လိုအပ်ချက်မှာ ပျှမ်းမျှအားဖြင့် နေ့အချိန်တွင် ၁၆ဝဝ မဂ္ဂါဝပ်ဖြစ်ပြီး ညအချိန်တွင် ၁၈ဝဝ မဂ္ဂါဝပ်လိုကြောင်း၊ လက်ရှိ လျှပ်စစ်ဓာတ်အားပေးနိုင်မှု အခြေအနေမှာ နေ့အချိန်တွင် ၉ဝဝ မဂ္ဂါဝပ်နှင့် ညဘက်တွင် ၁၁ဝဝ မဂ္ဂါဝပ်သာရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment