ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 26, 2012

ရသေ့တောင် အကြမ်းဖက် သူများကို စစ်တွေသို့ လွှဲပြောင်း



From : The Voice
ရခိုင်ပြည်နယ်ရသေ့တောင်မြို့နယ် ကူတောင်ကျေးရွာမှ ရခိုင် တိုင်းရင်းသားများ၏ နေအိမ်များကို မီးရှို့ကာ လူသတ် အကြမ်းဖက်မှုများ လုပ်ဆောင်ခဲ့ သော အနောက်ပြင် ကျေးရွာမှ အကြမ်းဖက်သူများဟု ယူဆရသူ ဘဂါင်္လီ များကို သက်ဆိုင်ရာက ဖမ်းဆီးပြီး ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့သို့ လွှဲပြောင်းလိုက်ပြီဖြစ် ကြောင်း ကူတောင်ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြား သည်။

ဖမ်းလို့ရတဲ့သူတွေ အားလုံးကို စစ်တွေကို ပို့တယ်။အခုကျွန်တော်တို့ ပို့လိုက်တာ ၁၀၀ ကျော်ရှိပြီ။သူတို့အားလုံးကို စစ်တွေ အကျဉ်းထောင်မှာ ချုပ်ထားတယ် ဟု ၄င်းကဆို သည်။

အဆိုပါ အကြမ်းဖက်မှုတွင် ပါဝင်သူများကို ဇွန်လ၂၁ ရက်နေ့တွင် သက်ဆိုင်ရာက စတင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်ကြောင်း ကူတောင်ဒေသခံများက ပြောကြားသည်။

ရသေ့တောင်မြို့နယ် အနောက်ပြင် ကျေးရွာမှ ဆူပူ အကြမ်းဖက်သူ ဘင်္ဂါလီများသည် ဇွန်လ ၁၉ ရက်နေ့ နံနက် ၅ နာရီကျော် ခန့်တွင် ရခိုင် တိုင်းရင်းသားများ နေထိုင်ရာ ကူတောင် ကျေးရွာမှ ရွာချေရွာကို ဝင်ရောက် မီးရှို့ခဲ့ ကြောင်း၊ ယင်းမီးရှိ့သူ ဘဂါင်္လီများကို ပြန်လည် တုံ့ပြန်ရန် လိုက်ပါ သွားသော ရခိုင် တိုင်းရင်းသား များမှာ အနောက်ပြင်ရွာ အနီးသို့ အရောက်တွင် အုပ်စုဖြင့် စောင့်ဆိုင်းနေသော ဘင်္ဂါလီ များက သတ်ဖြတ်ခဲ့ပြီး အလောင်းများကိုပါ ဖျောက်ဖျက်ခဲ့ကြောင်း ရသေ့တောင် ရဲတပ်ဖွဲ့နှင့် ဒေသခံများထံမှ သိရသည်။

ယင်းအကြမ်းဖက်မှုကြောင့် ရခိုင်တိုင်းရင်းသား ၁၀ ဦးသေဆုံးခဲ့ပြီး ၁၃ဦးဒဏ်ရာရှိခဲ့ကြောင်း ရသေ့တောင် မြို့နယ် ကူတောင်ရဲစခန်းက အတည်ပြုပြောကြားသည်။

No comments:

Post a Comment