ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 26, 2012

လန်ဒန်မှာ ဘာပွဲလုပ်လုပ် မပါတော့.. ဟု ဇာဂနာ ပြောဆို


From : ဇာဂနာ
ထပ်မံရှင်းပြပါရစေ။ ပွဲပြီးသည်အထိ ကျွန်တော့်လက်ထဲအစီအစဉ်စာရွက်ရောက်မလာပါ၊ ဃခုကဲ့သို့ကြီး ကျယ်ခမ်းနားသော ပွဲမှာစင်ခုံမန်နေဂျာ တစ်ယောက်မှမရှိပါ၊ အန်တီကို လာပေးသမျှ လက်ဆောင်ပစ္စည်းများကို မိုင်းရှာ ကိရိယာဖြင့်မက်ထရို ပိုလီတန်ရဲများကရှာဖွေစေပြီး ကျွန်တော်တိ့ကိုယ်တိုင်တစ်ထုပ်ချင်းဖောက်ပြရပါသည်။ အခမ်းအနားမှုး တစ်ယောက်အနေဖြင့်လုပ်ပေး စရန်မလို အပ်ပါပဲအောက်ကျခံပြီး လုပ်ပေးခဲ့ရပါသည်။ မြန်မာပြည်မှာပင် လျင် ရဲ ခိုင်းသည့် အလုပ်မလုပ်ခဲ့သော်လည်း လန်ဒန်ပွဲ အနှောင့် အရှက်မဖြစ်အောင် သည်းခံခဲ့ရပါသည်။ ထိ့ပြင့ခေတ်ဆန်းချိန် သီချင်းဖြုတ်လိုက် သဖြင့ စိတ်ဆိုးကုန် ကြသူများပြေ လည်အောင်ပြန်လည် ကပြခွင့်ရရရေး အတွက် ဇာတ်ရုံတာဝန်ခံများ ကိုရောအန်တီ ကိုပါမေတ္တာ ရပ်ခံတောင်းပန်ပြီး ပွဲဆက်ကပြနိုင်ရန် ချက်ချင်း ကမောက်ကမ ဆုံးဖြတ်ချက်ချ လုပ်ခဲ့ပါတယ်။ အရေးမပါတဲ့ ဆရာတော်များ အစီအစဉ်ကိုတော့ အစကတည်းက မလိုအပ်ဘူးထင်လို့ ကျော်ခဲ့ရခြင်းဖြစ်ပါသည်။ ဒေါ်အောင်ဆန်း စုကြည်ထံသို့လဲ ထိုဖြစ်စဉ်အားလုံးတင်ပြပြီးဖြစ်ပါသည်။ ဒါတောင်မှ မကျေနိုင် မချမ်းနိုင် ဖြစ်ဖြစ်နေသး လန်ဒန်ရောက်မြန်မာများ အားလည်း စိတ်ပျက်ပါသည်။ နောက်တခါ လန်ဒန်မှာဘာပွဲလုပ်လုပ် ဘယ်တော့မှပါဝင်တော့မှာမဟုတ်ပါ။

ကိုသူရ (ခ) ကိုဇာဂနာ

No comments:

Post a Comment