ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 26, 2012

ဒိုဟာ-ရန်ကုန်-ဒိုဟာ လေကြောင်းလိုင်းပြန်လည်ပြေးဆွဲမည်


From : ယုယုမော်
အတွဲ ၂၉ ၊ အမှတ် ၅၇၀ (၂၅ - ၃၁ ၊ ၅ ၊ ၂၀၁၂)
ကာတာလေကြောင်းလိုင်းက ဒိုဟာ- ရန်ကုန်-ဒိုဟာ လေကြောင်းလိုင်းကို အောက်တိုဘာလ ၁၃ ရက်နေ့တွင် ပြေးဆွဲနိုင်ရန် ယခုလ ၉ ရက်နေ့က ကာတာလေ ကြောင်းလိုင်းမှ ဒုဥက္ကဋ္ဌ Mr Robert Yang နှင့် မန်နေဂျာ Mr Joegendra Charles Rajadurai က မြန်မာ နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဉာဏ်ထွန်းအောင်နှင့် နေပြည်တော်တွင် တွေ့ဆုံစဉ်က ပြောကြားသည်။
ဒိုဟာ-ရန်ကုန်-ဒိုဟာ လေကြောင်း ခရီးစဉ်ကို တစ်ပတ်လျှင် သုံးကြိမ်၊ A319 နှင့် A320 လေယာဉ်ဖြင့် အောက်တိုဘာ ၁၃ ရက်မှ စတင်ပျံသန်းမည်ဖြစ်သည်။
ထို့နောက် အောက်တိုဘာ ၂၈ ရက် နေ့မှစတင်ခါ နေ့စဉ်တိုးချဲ့ပျံသန်းသွား မည်ဖြစ်ပြီး ခရီးသည်လိုက်ပါမှုများပြား လာပါက
ဘိုးရင်း - ၇၇၇ အမျိုးအစား လေယာဉ်ဖြင့် ပြောင်းလဲပျံသန်းသွားရန် ရှိသည်ဟု ကာတာလေကြောင်းလိုင်းမှ တာဝန်ရှိသူများက ပြောကြားသည်။
ကာတာလေကြောင်းလိုင်းသည် ဒိုဟာနှင့် ရန်ကုန်မြို့သို့ ၂၀၀၅ ခုနှစ်၊ ဇန်န ၀ါရီတွင် တစ်ပတ်လျှင် လေးကြိမ်ပျံသန်း ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် ထိုလေကြောင်း ပျံသန်းမှုကို ရပ်ဆိုင်းခဲ့သည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာတွင် ပြန်လည်ပြေးဆွဲနိုင်ရန် ယခုကဲ့သို့ လာရောက်တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment