From : ဇော်ဝင်းသန်း
အတွဲ ၂၉ ၊ အမှတ် ၅၇၄ (၂၂ - ၂၈ ၊ ၆ ၊ ၂၀၁၂)
ဟိုတယ်အဖြစ်ပြောင်းလဲဖွင့်လှစ်ရန်ဖိတ်ခေါ်ထားသည့်ယခင်ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန် ကြီးဌာန၏ သုံးထပ်ရုံးဟောင်း။
ဓာတ်ပုံ-ရတနာ
တင်ဒါခေါ်ယူထားသော အစိုးရပိုင် အဆောက်အအုံများမှာ ဆူးလေ ဘုရားလမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ ယခင်ဟိုတယ်နှင့် ခရီး သွားလာရေး လုပ်ငန်းဝန်ကြီးဌာန သုံးထပ်ရုံးဟောင်း၊ ပန်းဘဲတန်း မြို့နယ် ကုန်သည်လမ်းပေါ် ရှိ ယခင်မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း၏ သုံးထပ်ရုံးဟောင်း၊ ဗိုလ်ဆွန်ပက်လမ်းရှိ ယခင်ကုန်သွယ်ရေး ကော်ပိုရေးရှင်း အမှတ်(၅)၏ လေးထပ် ရုံးဟောင်းနှင့် ကုန်သည် လမ်းနှင့် မဟာ ဗန္ဓုလလမ်းထောင့်၊ ကျောက်တံတားမြို့ နယ်ရှိ ယခင် သွင်းကုန်ထုတ်ကုန်လုပ်ငန်း လေးထပ် ရုံးဟောင်းအဆောက်အအုံတို့ ဖြစ်သည်။
"ကနဦးအနေနဲ့ လက်ရှိရင်းနှီးမြှုပ်နှံမှု ဥပဒေအရ နှစ် ၃၀ ငှားရမ်းမှာဖြစ်ပါ တယ်။ အဲဒီနောက်တော့ နောက်ထပ် ၁၅ နှစ်တစ်ကြိမ် နှုန်းနဲ့ နှစ်ကြိမ်ထပ်မံ ငှားရမ်း နိုင်ပါတယ်။ သတ်မှတ်ထားချက်အရ မူလလက်ရာက်မပျက်ပဲ ဆောင်ရွက်ရ မှာ ဖြစ်ပါတယ်"ဟု မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦး က ပြောသည်။
No comments:
Post a Comment