ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 28, 2012

မိုဘိုင်းဖုန်းသုံးစွဲသူများကို ရေဒီယိုသတ္တိကြွ လှိုင်းများမှ ကာကွယ်ပေးမည့် ပစ္စည်းဖြန့်ချိ



From : ခေတ်လူငယ်
မိုဘိုင်းဖုန်းမှ ထွက်သော ရေဒီယိုသတ္တိကြွလှိုင်းများ လူ့ခန္ဓာကိုယ်သို့ သက်ရောက်မှုမှ ကာကွယ်ပေးနိုင်မည့် နည်းပညာပစ္စည်းအသစ်တစ်ခု ထိုင်းနိုင်ငံမှ ထုတ်လုပ်လိုက်ကြောင်း သိရသည်။ အဆိုပါ ပစ္စည်းကို Sticker အနေဖြင့် အသုံးပြုရမည်ဖြစ်ပြီး Scalar အမည်ရှိ သတ္တုတစ်မျိုးကို ကိုရီးယားနည်းပညာဖြင့် ထိုင်းနိုင်ငံမှ ထုတ်လုပ်ဖြန့်ချိထားခြင်းဖြစ်ရာ ထိုင်းနိုင်ငံတွင် တွင်ကျယ်စွာ အသုံးပြုနေပြီဖြစ်သော်လည်း မြန်မာနိုင်ငံသို့ ယခုမှ စတင်ဖြန့်ချိမည်ဖြစ်ကြောင်း ယင်းစတစ်ကာ ဖြန့်ချိရန် တာဝန်ယူထားသူက ပြောသည်။ ယခုထွက်ရှိလာသော Scalar စတစ်ကာကို မိုဘိုင်းဖုန်း၏ မည်သည့်နေရာတွင်မဆို ကပ်ထားရုံဖြင့် ဖုန်းမှထွက်သော ရေဒီယိုသတ္တိကြွလှိုင်းများ အန္တရာယ်ကို ကာကွယ်ပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ မိုဘိုင်းဖုန်းကို အင်္ကျီအိတ်ထဲတွင် ထည့်ထားလျှင် သော်လည်းကောင်း၊ ဘောင်ဘီအိတ်ထဲတွင် ထည့်ထားလျှင် သော်လည်းကောင်း၊ အမျိုးသားများခါင်းတွင် ချိတ်ထားလျှင်သော်လည်းကောင်း၊ ခန္ဓကိုယ်၏ မည်သည့်နေရာတွင်မဆို နီးကပ်စွာ ကိုင်ဆောင်ထားပါက ယင်းမှထွက်သော ရေဒီယိုသတ္တိကြွ လှိုင်းများသည် အာရုံကြောများနှင့် လူ့ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ကြောင်း ကျန်မာရေးပညာရှင်များက ပြောကြားခဲ့ပြီး ယင်းစတစ်ကာကို အသုံးပြုခြင်းဖြင့် အဆိုပါ ရေဒီယို သတ္တိကြွလှိုင်းများ၏ အန္တရာယ်ကို ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ စတစ်ကာကို လက်ရှိတွင် ရန်ကုန်မြို့ရှိ ဖုန်းဆိုင်အချို့တွင် သာဝယ်ယူနိုင်ပြီး အသေးစိတ် သိရှိလိုသူများအနေဖြင့် ဖုန်းနံပါတ် ၀၉၇၃၀၁၆၇၃၈၊ ၀၉၇၃၁၄၂၀၆၃ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment