ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 28, 2012

ဒီမိုကရက်တစ်မြန်မာ့အသံမှ ရခိုင်ပြည်နယ်အားထပ်ဆင့်လုပ်ကြံမှုတစ်ခု


From : သူဇာ
DVB သတင်းဌာနအနေနဲ့ ဘင်္ဂလားရိုဟင်ဂျာတွေဖက်က လုံးဝရပ်တည်မှာဖြစ်တယ်ဆိုတာကို မြန်မာတွမဖတ်တဲ့ ဒီလိုသတင်းမှာ ဖော်ပြလိုက်ပါတယ်။
(၁) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးရဲ့ သုံးသပ်ပြောဆိုမှုတွေကို လျစ်လျူရှု၊ ဘာတီးလ်လင်တနာတို့နဲ့ Jihad Watch တွေက သတင်းရင်းမြစ်တွေရယ်၊ States Department က အစီရင်ခံစာ (ဝီကီလိခ်ကေဘယ်လ်မဟုတ်) တွေကိုလျစ်လျူရှုပြီး အမေရိကန်သံရုံးရန်ကုန်ရဲ့ ဝီကီလိခ်ကေဘယ်လ်မှာဖော်ပြထားချက်တွေဟာ မြန်မာအစိုးရရဲ့ အမေရိကန်နဲ့ အကြမ်းဖက်တိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်လိုခြင်းကို ပြသဟန်ရှိတယ်ဆိုတဲ့ ဟာကို အလေးအနက်ထားဖော်ပြသွားပါတယ်။

(၂) ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးနဲ့ သက်ဆိုင်ရာကော်မစ်ရှင်နာမင်းကြီးတို့က ဝန်ခံပြောဆိုနေတပေမယ့် "ရိုဟင်ဂျာတွေဟာ အကြမ်းဖက်သမားတွေဆိုတာ သက်သေမရှိဘူး" လို့ ခပ်ပြောင်ပြောင်ပဲ ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနရဲ့ အောက်ပါဆောင်းပါးမှာ ခုခံကာကွယ်သွားပါတယ်။

(၃)ရခိုင်အရေးအခင်းကာလအတွင်းမှာ လူဖတ်များခဲ့တဲ့ Hmuu Zaw ရဲ့စာမျက်နှာပါဖော်ပြချက်ကိုလည်း "ရိုဟင်ဂျာတွေကိုအပြတ်ရှင်းရေးစီမံချက်" အနေနဲ့ ဖော်ပြသွားပါတယ်။ သူ့ရဲ့ သက်သေပြချက်ကတော့ RFA သတင်းဌာနပါ ရဟတ်ယာဉ်များက နတ်မြစ်ပေါ်က ရိုဟင်ဂျာများကို ပစ်ခတ်တယ်ဆိုတဲ့ သတင်းပဲဖြစ်ပါတယ်။ ဒီသတင်းမှာ ဘယ်ဖက်က ရဟတ်ယာဉ်မှန်းမသိကြောင်းအတိအလင်းဖော်ပြခဲ့ပေမယ့် သတင်းရေးသူ Joseph Allchin ဟာ မြန်မာဖက်က ပစ်ခတ်လိုက်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ သက်သေအတိအကျမရှိဘဲ ဒီလိုဖော်ပြခြင်းဟာ သတင်းထောက်ကျင့်ဝတ်နဲ့ ညီညွတ်ပါသလား။

(၄) DVB သတင်းဌာနအနေနဲ့ အရှက်ကင်းမဲ့စွာ တာဝန်မဲ့ဖော်ပြမှု ကတော့ ကိုမင်းကိုနိုင်ရဲ့ ဒီအရေးအခင်းအပေါ်မှာ ပေးခဲ့တဲ့မှတ်ချက်ကို ပြန်လည်ဝေဖန်မှုပဲ ဖြစ်ပါတယ်။ ကိုမင်းကိုနိုင်က "အကြမ်းဖက်မှုတွေဖြစ်လာခဲ့ရင်တော့ ဘယ်သူ့မျက်နှာမှမထောက်ပါနဲ့။ အားလုံးဝိုင်းဝန်းတာဆီးကြရပါလိ့မယ်" လို့ပြောခဲ့တာဖြစ်ပါတယ်။ နောက်ပြီး ကိုမင်းကိုနိုင်က မီဒီယာတွေကို "ဘာသာရေးပဋိပက္ခ"အသွင်မဖော်ပြဖို့ တောင်းဆိုခဲ့ပြီး အင်အားကြီးသူက အင်အားနည်းသူကို ခြိမ်းခြောက်တာမျိုးတောင် မလုပ်ဖို့ မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။ ဒါကို စာရေးသူက ဒီလိုရေးပါတယ်။ ရှုစားကြည့်ပါ။

"Ko Ko Gyi’s prominent colleague Min Ko Naing, a nom de guerre which translates to ‘Conqueror of Kings’, was more measured but with no sense of irony when he said, “it is most important to prevent incitement that would cause riots.”

Min Ko Naing was incarcerated precisely for inciting riots in 1988 and 2007.

အထက်ပါအတိုင်း စာရေးသူ Joseph Allchin ကဖော်ပြခဲ့တာပါ။ သူရဲ့ အပေါ်စာကြောင်းမှာ ၁၉၈၈ နဲ့ ၂ဝဝ၇ တော်လှန်ရေးများလို့ မသုံးဘဲ ယခုရခိုင် အေ၇းအခင်းနဲ့ ထပ်တူ ထိုဒီမိုကရေစီတော်လှန်ရေးများကို Riots (အဓိကရုန်းများ) လို့တင်စားထားတာကိုတွေ့ရမှာပါ။

နောက်ပြီး မွတ်စလင်မ်တွေကိုမို့ နှိပ်စက်နေပါတယ်လို့ အစဉ်တစ်စိုက်အောက်ဟစ်ခဲ့တဲ့ ဒီသတင်းဌာနဟာ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ဝေနှင်းပွင့်သုန်(ဘားမားကန်ပိန်းယူကေ) ရဲ့ အဖေ မွတ်စလင်မ်နိုင်ငံရေးသမား ကိုမြအေး ရဲ့ ရခိုင်တွေအပေါ် ရိုဟင်ဂျာတွေကျုးလွန်တာကို လုံးဝ လက်မခံကြောင်းနဲ့ "ထိထိရောက်ရောက်" အရေးယူပေးဖို့ ပြောသွားတာကိုတော့ "ရည်ရွယ်ချက်ရှိရှိ" လျစ်လျူရှုသွားတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။

နောက်ပြီး နှစ်ဖက်အပြန်အလှန်မီးရှို့မှုများလို့ ဖော်ပြခဲ့ပေမယ့် ကူတောင်ကျေးရွာ၊ ရသေ့တောင်မှာ ဖြစ်ပွားခဲ့တဲ့ ၇ခိုင်ဆယ်ဦးအသတ်ခံရတဲ့အရေးအခင်းကိုတော့ "ထုံးစံအတိုင်း" မသိချင်ယောင်ဆောင်သွားတာကို တွေ့ရမှာဖြစ်ပါတယ်။

နောက်တစ်ချက်ကတော့ ဆင်းရဲလှတဲ့ ရိုဟင်ဂျာ ရှစ်သိန်းက မြန်မာ့အချုပ်အခြာအာဏာကို ထိပါးနိုင်မယ်လို့ထင်နေရင် ထိုင်းမှာ ဒုက္ခသည်အဖြစ်နေနေတဲ့ မြန်မာတွေက ထိုင်းနိုင်ငံကို အကြိမ်ပေါင်းများစွာ သိမ်းပိုက်လိုက်ပြီးပြီ ဆိုပြီး ဒုက္ခသည်စခန်းတွေနဲ့ မြန်မာ့နိုင်ငံရေးသမိုင်းဆက်စပ်မှု၊ မူဂျာဟစ်တွေနဲ့ ဘူးသီးတောင်ဒေသလုံခြုံရေးကို မသိနားမလည်ဘဲ မြန်မာလူထုတစ်ရပ်လုံးကိုစော်ကားလိုက်ခြင်းပဲဖြစ်ပါတယ်။

ဒီဆောင်းပါးကို မြန်မာပိုင်းအစီအစဉ်မှာမတွေ့ရပါ။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံတာဖြစ်နိုင်ပါတယ်။ သက်ဆိုင်ရာနိုင်ငံတွေက အင်္ဂလိပ်လိုဖတ်ရှုသူတွေသာ ဖတ်မိပြီး ပြည်တွင်းက ပရိသတ်တွေကို နားလှည့်ပါးရိုက်လုပ်ဖို့ ကြံစည်တာဆိုတာ သိပ်ကို ပေါ်လွင်ထင်ရှားသွားပြီဖြစ်ပါတယ်။ ယနေ့ ဟန်ယောင်ဝေ အာရပ်တွေနဲ့ လက်မှတ်ထိုးခဲ့တဲ့ DVB ခေါ် ဒီမိုကရက်တစ်မြန်မာ့အသံဟာ ရိုဟင်ဂျာဘင်္ဂလားများဖက်မှသာ တောက်လျှောက်ရပ်တည်လို့ ရခိုင်ပြည်နယ်က တိုင်းရင်းသားများကို စော်ကားလိုက်ပြီ၊ ဗမာများနဲ့ ကျန်ပြည်ထောင်စုဖွားတိုင်းရင်းသားတွေရဲ့ နောက်ကျောကို ဓါးနဲ့ ထိုးနေပြီဆိုတာ ဒီဆောင်းပါးက သက်သေပြနေပြီပဲဖြစ်ပါတယ်။
အောက်ပါလင့်ခ်မှာ သွားရောက်ဖတ်ရှုနိုင်ကြပါတယ်။

www.dvb.no/analysis/the-rohingya-myths-and-misinformation/22597

No comments:

Post a Comment