ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 28, 2012

လာမည့်လွှတ်တော်၌ တိုင်းရင်းသားအရေး ဆွေးနွေးမည်



From : 7DaysNewsလာမည့် ဇူလိုင် ၄ ရက်တွင် ကျင်းပမည့် လွှတ်တော်၌ တိုင်းရင်းသား ရေးရာကိစ္စရပ်များတွင် တန်းတူညီမျှ အခွင့်အရေး ရရေးအတွက် တင်ပြသွားရန် စီစဉ်နေကြောင်း လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသားရေးရာ ကော်မတီများက ပြောသည်။ စတုတ္ထအကြိမ် လွှတ်တော်မစခင် သုံးလေးရက်အလိုမှာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ပြီး ဘယ်ဟာတွေကို မေးခွန်းအဆို ဥပဒေကြမ်းအဖြစ် တင်ရမလဲဆိုတာ ဆွေးနွေးမှာပါ” ဟု အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ အတွင်းရေးမှူး ဦးခက်ထိန်းနန်းက ပြောသည်။ အမျိုးသားလွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီနှင့် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီနှစ်ရပ်တို့သည် အဖွဲ့နှစ်ဖွဲ့ခွဲကာ မေ ၂၁ ရက်မှစတင်ပြီး ဇွန် ၁၁ ရက်ထိ တိုင်းနှင့်ပြည်နယ် ၁၄ ခုသို့ ပထမဦးဆုံးအကြိမ်အဖြစ် ကွင်းဆင်း၍ တိုင်းရင်းသားရေးရာကိစ္စရပ်များ လေ့လာကြသည်။ လွှတ်တော်နှစ်ရပ်၏ တိုင်းရင်းသားရေးရာ ကော်မတီများသည် တိုင်းရင်းသား ဒေသများသို့ ကွင်းဆင်းရာတွင် တိုင်းရင်းသားများ၏ ရပိုင်ခွင့်များ၊ ယဉ်ကျေးမှု၊ အနုပညာ၊ စာပေစကားနှင့် ယုံကြည်ကိုးကွယ်မှုဆိုင်ရာ ကိစ္စရပ်များတွင် တန်းတူညီမျှ အခွင့်အရေး ရရှိရန်ဒေသခံတိုင်းရင်းသားများက တင်ပြခဲ့ကြကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၌ ပါဝင်သော တိုင်းရင်းသားရေးရာ ကိစ္စရပ်များတွင် အသက်မဝင်သေးသော အချို့အချက်အလက်များကိုလည်း အသက်ဝင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် တိုင်းရင်းသးရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ အတွင်းရေးမှူး ဒေါ်ဒွဲဘူက ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment