ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 28, 2012

NDF သို့ လူ ၇၂၀၀၀ ကျော် ဝင်ရောက်မှုကြောင့် NLD စိုးရိမ်ထိပ်လန့်



NDF သို့ လူ ၇၂၀၀၀ ကျော် ဝင်ရောက်မှုကြောင့် NLD စိုးရိမ်ထိပ်လန့်နေပြီး ဥရောပရောက် ဒေါ်အောင်ဆန်းစုကြည် လည်း အိပ်မပျော်စားမဝင် ဖြစ်နေကြောင်း သတင်းရရှိပါတယ်။


NDF သို့ ဝင်မယ့် ၇၂၀၀၀ ဟာ ဒေါ်အောင်န်းစုကြည်ကို နောက်ဆုံးပေးစာ တစ်စောင်ပို့ပြီး သင်ခန်းစာပေးခဲ့သူ ဦးအေးမြင့် ဦးဆောင်သည့် လမ်းပြကြယ်အဖွဲ့က ဖြစ်ပါတယ်။
ပဲခူးမြို့ အခြေစိုက် လမ်းပြကြယ် အဖွဲ့ ခေါင်းဆောင် ရှေ့နေ ကြီး ဦးအေးမြင့်က အမျိုးသားဒီမို ကရေစီ အင်အားစု ပါတီ သို့ ဇွန်လ ၁၆ ရက်နေ့က ဝင်ရောက်ခဲ့ပါတယ်။

လမ်းပြကြယ် အဖွဲ့ဝင် ၇၂,၀၀၀ သည် မကြာမီ ရက်ပိုင်းအတွင်း အမျိုးသား ဒီမိုကရေစီ အင်အားစု NDF ပါတီသို့ ဝင်ရောက်ကြမည် ဖြစ်ပြီး တရားဝင် ပါတီဝင် လျှောက်လွှာပေးအပ်ပွဲ ကို ရန်ကုန်မြို့ရှိ City Star ဟိုတယ်၌ ဇွန်လ ၂၉ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ကြောင်း မကြာသေးခင်ကမှ NDF ပါတီမှာ ဥက္ကဋ္ဌ ဖြစ်လာတဲ့ ဦးခင်မောင်ဆွေ က ပြောပါတယ်။
ဦးအေးမြင့်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးစာတစ်စောင်ပေးခဲ့ဖူးပြီး အဲဒီပေးစာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မျက်စိမှိတ်ထောက်ခံသူအများအပြားက ဦးအေးမြင့် မကျေမနပ် ဖြစ်နေချိန်မှာပဲ ဦးအေးမြင့်က ၎င်း ကိုယ်တိုင် NLD ပါတီနဲ့ ပြိုင်ဖက် NDF ကို ဝင်ရုံသာ မက လမ်းပြကျယ်အဖွဲ့ဝင် ၇ သောင်းကျော်ကိုပါ ဆွဲခေါ်သွားတာ ဖြစ်ပါတယ်။
NLD ပါတီမှ ပါတီဝင် (၁၀) သိန်း စီမံကိန်း ကို စတင်ခဲ့ပေမယ့် ၁ သိန်းတောင် မပြည့်ခင်မှာ NDF က ၁ သိန်း ကျော်တော့မှာ ဖြစ်ပါတယ်။ ဦးအေးမြင့်မှ ဒေါ်အောင်ဆန်းစုကြည် သို့နောက်ဆုံးပေးစာ တွင် မေးခွန်းများကို သေချာစဉ်းစားဖြေရန်ပြောကြားထားပါတယ်။ ၎င်း တို့မှာ
(၁) ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ရန် တိုက်တွန်းမိန့်ကြားခဲ့လို့ မဲ မပေးဘဲနေခဲ့သူများအတွက် ဘာလုပ်ပေးခဲ့ပြီးပြီလဲ၊ ပြင်ဆင်ထားပြီ လား။

(၂) VOA, RFA, BBC, DVB အသံလွှင့်ဌာနများက ဒေါ်စုနဲ့ အန်အယ် လ်ဒီကို အမွှန်းတင်လွန်းတဲ့ အရှိန်ကို မီအောင် ဒေါ်စု လိုက်မလုပ် နိုင်ခြင်းကို ပြည်သူလူထုက နားလည်ပေးနေတာ သိပါရဲ့လား။

(၃) ဒေါ်စုအနေနဲ့ ပြည်သူလူထုရဲ့လေးစားကြည်ညိုမှုကိုသာ ခံယူတတ်ပြီး ပြည်သူလူထုအတွက် ဘာမျှလုပ်မ ပေးနိုင်တာကို သတိပြုမိပါရဲ့လား။

(၄) လယ်ယာမြေကိစ္စ၊ မတရားဥပဒေမဲ့အနိုင်ကျင့်ခံရသောကိစ္စများကို အောက်ခြေအရောက် ကိုယ်တိုင်ဆင်း ပြီး သွားရောက်ကူညီဆောင်ရွက်ပေးခြင်း ရှိခဲ့ပါသလား

(၅) ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံဆန့်ကျင်ရေး၊ ၁၉၉၀ ခုနှစ် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ၊ ပင်လုံညီလာခံ၊ တိုင်းပြည်အတွက် ကောင်းစားမည်ဆိုလျှင် (ကြံ့ဖွံ့ပါတီ) ကိုတောင် လက်တွဲနိုင်ပါတယ် ဆိုသောစကားများ ပြောကြားထုတ်ဖော်ခဲ့သောကိစ္စ တခုမျှ မအောင်မြင်ခဲ့သည်ကို ပြန် လည်သုံးသပ်မိပါသလား။ (အိမ်ရှေ့မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ပြည်သူထဲက ပြည်သူ တစ်ဦးဖြစ်တဲ့ ငါးမင်းဆွေကိုလည်း ခုထိမတွေ့သေး)

(၆) ယခု ဒေါ်စုနဲ့ အန်အယ်လ်ဒီပါတီ ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်တာ မအောင်မြင်ဘူး၊ အစိုးသစ်ပေါ် လာပြီိ။ မိမိမကြိုက်တဲ့ အစိုးရသစ်ကို ဘာလုပ်မလဲ။

(၇) မြင့်သောနေရာမှနေသော ဒေါ်စုက အခြားနိုင်ငံရေးသမားများကို စတင် ဖိတ်ခေါ် ဆွေးနွေး ရမည့်အစား ဒေါ်စုကို တွေ့ခွင့်တောင်းနေရခြင်းသည် နိုင်ငံရေးဆုံးရှုံးမှုတရပ်ဖြစ်ခဲ့သည်ကို သတိထားမိပါသလား။
ဆိုပြီး ဖြစ်ပါတယ်။
NDF ပါတီကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှပ်နိုင်တဲ့ ဦးအေးမြင့်ကို ဗဟိုဦးစီး တာဝန် ပေးမယ်လို့ သိရပါတယ်။

၂၀၁၀ ရွေးကောက်ပွဲ လုပ်စဉ်က "ရွေးကောက်ပွဲ ဝင်တာကာ ပြည်သူတွေကို လှည့်စားရာရောက်တယ်.. သပိတ်မှောက်ခြင်းက နည်းလမ်းအမှန်ဖြစ်တယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ဟောဝါဒ ပေးကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခြင်းကြောင့် NLD ဝင် အများအပြားက နှုတ်ထွက်သွားကာ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီ ကို တည်ထောင်ခဲ့ကြပါတယ်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်က အမြင်မှန်ရပြီး ပါတီ မှတ်ပုံတင်ရုံသာ မကာ ရွေးကောက်ပွဲကိုပါ ဝင်ခဲ့ပါတယ်။ ဒါပေမယ့် အရင် ဆုံးဖြတ်ချက် မှားယွင်းမှုအတွက် တောင်းပန်တာမျိုးတော့ မရှိတော့ပါဘူး။

No comments:

Post a Comment