ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, June 28, 2012

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံခေါင်းဆောင်များ တွေ့ဆုံမည်



From : ခေတ်လူငယ်သမ္မတဦးသိန်းစိန်၏ သုံးရက်ကြာ ပြည်ပခရီးစဉ်အဖြစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့သို့ သွားရောက်ကာ နှစ်နိုင်ငံကြား နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ လုံခြုံရေးကဏ္ဍနှင့် ကုန်သွယ်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရေးတို့အား ဆွေးနွေးသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက ပြောပြခဲ့ကြောင်း သိရသည်။ သမ္မတ၏ ခရီးစဉ်မတိုင်မီ ဇူလိုင်လ အစောပိုင်းတွင် ဒါကာမြို့၌ နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့များ တွေ့ဆုံ၍ ဆွေးနွေးမည့် အစီအစဉ်တွင် ပါရှိသင့်သည့် အကြောင်းအရာများကို အကြံပြုသုံးသပ်ကြမည် ဖြစ်သည်။ မြန်မာနိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမောင်မြင့်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Mijarul Quayes တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့များသည် အဆိုပါဆွေးနွေးပွဲတွင် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ကြမည်ဟု သိရသည်။ သမ္မတဦးသိန်းစိန်သည် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina နှင့် သမ္မတ Zillur Rahman တို့နှင့်လည်း တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။ နှစ်နိုင်ငံကြား ဆက်သွယ်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ တိုက်ရိုက်အဝေးပြေးလမ်းနှင့် လေကြောင်း ဆက်သွယ်ရေး စတင်ရန်၊ ကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ရန်၊ ပညာရေးနှင့် ခရီးသွားကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးဖြစ်ကြလိမ့်မည်ဟု သံတမန်တစ်ဦးက ဆိုသည်။ ၂၀၁၀-၂၀၁၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဘင်္ဂလားဒေ့ရှ်က မြန်မာသို့ ပို့ကုန်ပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၆၅ သန်းရှိပြီး သွင်းကုန်ပမာဏ ကန်ဒေါ်လာ ၁၇၉ သန်း ရှိခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment