ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 11, 2012

နေပြည်တော်ရှိ ဘောလုံးကွင်းနှစ်ကွင်း တည်ဆောက်မှု ၇၅ ရာခိုင်နှုန်းခန့် ပြီးစီး

From : ၀င်းကိုကိုလတ်

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ရှိဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတည်ဆောက်နေမှုကိုယခုလဆန်းက တွေ့ရစဉ်။
ဓာတ်ပုံ- ၀င်းကိုကိုလတ်
၂၀၁၃ ခုနှစ်၌ ကျင်းပမည့် အရှေ့တောင်အာရှ အားကစားပွဲအတွက် ရည်ရွယ်၍ တည်ဆောက်နေသည့် နေပြည်တော်ရှိ ဘောလုံး အားကစားကွင်း နှစ်ကွင်း တည်ဆောက်မှုမှာ ၇၅ ရာ
ခိုင်နှုန်းခန့် အထိ ပြီးစီးပြီးဖြစ်ကြောင်း တာဝန်ယူ တည်ဆောက်နေသည့် မက်စ်-မြန်မာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
"ကန်မယ့် ဘောလုံးကွင်းနဲ့ ပြေးလမ်းတွေကို တည်ဆောက်နေပါတယ်" ဟု မက်စ် မြန်မာဆောက်လုပ် ရေးကုမ္ပဏီမှ အမှုဆောင်အင်ဂျင်နီယာ ဦးဇေယျာလှိုင်က ပြောသည်။
ပရိသတ် သုံးသောင်းစီ ဆံ့မည့် ဘောလုံးကွင်းနှစ်ကွင်းကို နေပြည်တော် ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့တွင် ၂၀၁၀ ပြည့် နှစ်၊ နှစ်ဆန်းပိုင်းခန့်မှစတင်၍ တည် ဆောက်နေခြင်း ဖြစ်သည်။
ဘောလုံးကွင်းနှစ်ကွင်းလုံးကို မြန်မာ နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ မည့် ၂၀၁၃ အရှေ့တောင်အာရှ အား ကစားပြိုင်ပွဲမတိုင်မီ ဖွင့်လှစ်မည်ဟု ပြောကြားသော်လည်း ဖွင့်လှစ်မည့် အချိန် အတိအကျကိုမူ ၎င်းက ပြောကြား ခြင်းမရှိပေ။
"နှစ်ကွင်းစလုံး တည် ဆောက်မှုပြီးစီးတာ အတူတူလောက် ပါပဲ"ဟု ဦးဇေယျာလှိုင်က ပြောသည်။ မြေဧရိယာ ဧက ၆၀ ကျော်ပေါ်တွင် တည်ဆောက်ထားပြီး ဘောလုံးကွင်း အဆောက်အအုံဧရိယာ စတုန်းရန်း ပေ ၂၅၀,၀၀၀၊ ဘောလုံးကွင်းဧရိယာ ပေ ၇၇,၀၀၀၊ ဘောလုံးကွင်း ပြေးလမ်း အကျယ် ၃၂ ပေ၊ ပြေးလမ်းအလျား ၁,၄၀၀ ကျော်၊ ဘောလုံးကွင်းနှင့် ပြေး လမ်းအကျယ် စတုရန်းပေ ၂၂၂,၀၀၀ ကျော်နှင့် အဆောက်အအုံ အမြင့်ပေ ၈၀ ရှိကြောင်း သိရသည်။
ဘောလုံးကွင်း မြေညီထပ်တွင် အခန်း ပေါင်း ၇၅ ခန်းပါဝင်ပြီး ပွဲကြည့်စင်၊ ရုံး ခန်း၊ ဆေးကုခန်း၊ ၀တ်စုံလဲခန်း၊ ဧည့်ခန်း၊ ရေချိုးခန်း၊ စားသောက်ဆိုင်ခန်းများ၊ အားကစားလေ့ကျင့်ရေးခန်း စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
ပထမထပ်တွင် တီဗီခန်း၊ အားကစား သမားများ နားနေခန်း၊ ရေချိုးခန်း အပါ အ၀င် အခန်းပေါင်း ၄၄ ခန်း၊ ဒုတိယထပ် တွင် စီစီတီဗွီခန်းမ၊ ထိန်းချုပ်ခန်းများ၊ အရေးကြီး ပုဂ္ဂိုလ်များအခန်း၊ အလင်း ရောင်နှင့် အသံထိန်းချုပ်ခန်း၊ ရေချိုးခန်း စသည်ဖြင့် အခန်းပေါင်း ၁၃၅ ခန်း ထည့်သွင်း တည်ဆောက်ထားသည်။

No comments:

Post a Comment