ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 11, 2012


From : MRTV-4 ပြည်တွင်းရှိ ပုဂ္ဂလိက ဘဏ်တစ်ခု ဖြစ်တဲ့ ကမ္ဘောဇ ဘဏ်မှာ ဇူလိုင်လ ၉ ရက်နေ့မှ စတင်ကာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှုကို ဆောင်ရွက်ပေး နေတာ ဖြစ်ပါတယ်။
ဒီလို ဆောင်ရွက်မှု အပြင် နောက်ပိုင်းမှာ နိုင်ငံတကာ ဘဏ်များမှ Credit ကဒ်များကိုပါ အသုံးပြု နိုင်ဖို့ အတွက် ၀န်ဆောင်မှု ပေးသွားမှာ ဖြစ်တယ်လို့ ကမ္ဘောဇ ဘဏ်လီမီတက်မှ တာဝန်ရှိသူ ပြောကြားချက် အရ သိရပါတယ်။ အခု လက်ရှိမှာ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှု ကိုလည်း ပထမအဆင့် အနေနဲ့ စင်္ကာပူ၊ မလေးရှား၊ ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ နိုင်ငံများရှိ ဘဏ်များနဲ့ ချိတ်ဆက် လုပ်ကိုင် လျက်ရှိပါတယ်။
ဒါ့အပြင် ဒုတိယ အဆင့် အနေနဲ့ ဥရောပ နိုင်ငံများ၊ အနောက် နိုင်ငံများက ဘဏ်တွေနဲ့ ချိတ်ဆက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်ရာ မှာတော့ နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်ပြီးတဲ့ နိုင်ငံခြားငွေ စာရင်းမှ ငွေလွှဲ စာတမ်း ဖွင့်ခြင်း၊ နိုင်ငံခြားကို ငွေလွှဲပို့ခြင်း များကို ဗဟိုဘဏ်ရဲ့ ခွင့်ပြုချက်နဲ့ ဆက်လက် ဆောင်ရွက် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
နိုင်ငံခြားငွေ စာရင်း ဖွင့်လှစ်မှုကို အခုလက်ရှိ ငွေ ၄ မျိုးနဲ့သာ ဆောင်ရွက် ပေးနေတာ ဖြစ်ပြီး နောက်ပိုင်းမှာ မလေးရှား ရင်းဂစ် ၊ ဂျပန် ယန်း ၊ တရုတ် ယွမ်၊ ထိုင်း ဘတ်များကိုပါ ငွေ စာရင်းဖွင့်လှစ်မှု ဆောင်ရွက်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ပုဂ္ဂလိက ဘဏ်များမှာ နိုင်ငံခြား ငွေစာရင်း ဖွင့်လှစ်လာ နိုင်တာကြောင့် နိုင်ငံတကာနဲ့ ကုန်သွယ်မှု များဟာ ယခင်ကထက် ပိုမို ကျယ်ပြန့်စွာ ဆောင်ရွက် လာနိုင်မှာ ဖြစ်တယ်လို့ လုပ်ငန်းရှင် များရဲ့ သုံးသပ်ချက်အရ သိရပါတယ်။

No comments:

Post a Comment