ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 11, 2012

ပါတီဝင် (၁၀၀၀) ပြည့် ရရှိရေး မွန်ဒီမို ကရေစီ ပါတီက ကြိုပမ်း နေသည်ဟုဆို

MDP_0009ပါတီ တည်ထောင်ခွင့် ရရှိထားသော မွန်ဒီမို ကရေစီ ပါတီသည် ဇူလိုင်လ (၁၀) ရက်နေ့မှ စပြီး (၉၀) အတွင်း၌ ပါတီဝင် အင်အား (၁၀၀၀) ပါဝင်သည့် စားရင် တင်ပြပေးပါရန်  မော်လမြိုင်မြို့၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် ရုံးက ပြောသွား ခဲ့သည်ဟု မွန်ဒီမို ကရေစီ ပါတီ၏ ဗဟို ကော်မီတီဝင် နိုင်စိုးမြင့်က ပြောပါသည်။

“ဇွန်လ ၇ ရက်နေ့က ကျနော်တို့ မွန်ဒီမိုကရေစီ ပါတီ နိုင်ငံရေးပါတီ မှတ်ပုံတင် ထားတာကို ဒီနေ့ ကျလာတဲ့ အတွက် နောင်ရက်ပေါင်း (၉၀) အတွင်း ပါတီဝင် အင်အား (၁၀၀၀) ဦးရေ၏ အမည်စားရင်းကို တင်သွင်းပေးဖို့ ပြည်နယ်ရုံးက တောင်းဆို သွားတာပါ။ ရက်ချိန် မပြည့်ခင် တင်ပြနိုင်ဖို့ ကြိုစား သွားမယ်” ဟု ၄င်းက ဆိုပါသည်။
မွန်ဒီမိုကရေစီ ပါတီသည် လက်ရှိ၌ ဗဟိုကော်မီတီဝင် (၅၄) ဦးသာ ရှိပြီး ပါတီ ဖွဲ့စည်းပုံ အရ ဗဟို ကော်မီတီဝင် (၆၃) ဦးရှိရန် လိုအပ်ပြီး ဗဟို အလုပ်မှုဆောင် ကော်မတီဝင်မှာ ပါတီ ဖွဲ့စည်းပုံ အတိုင်း (၂၁) ဦးဖြစ်ပါသည်။
ဇွန်လ (၈) ရက်နေ့တွင် မွန်ဒီမိုကရေစီ ပါတီသည် နိုင်ငံရေး ပါတီ တည်ထောင်ခွင့်ကို ရွေးကောက်ပွဲ ကော်မရှင်ထံ ထပ်မံ တင်ပြ တောင်းဆိုခဲ့ပြီး ဇူလိုင်လ (၁၀) ရက်နေ့တွင် တရားဝင် နိုင်ငံရေး ပါတီ အဖြစ် ခွင့်ပြုချက်များကို မွန်ပြည်နယ် ပြည်နယ် ကော်မရှင်ရုံးမှ တဆင့် ရခဲ့သည်ဟု သိရသည်။
Mon_news_picture
မွန်ဒီမိုကရေစီပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ခွင့်ပြုသည်ကို အစိုးရသတင်းစာမှ ဖော်ပြစဉ်
မွန်အမျိုးသား ဒီမိုကရေစီ ပါတီသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ရာ အမတ် (၅) နေရာ ရရှိသည့် ပါတီဖြစ်သည်။ ၁၉၉၂ ခုနှစ်တွင် စစ်အစိုးရ လက်ထက်က တရားဝင် ပါတီမှ ဖျက်သိမ်း ခံရပြီး၊ ၂၀၁၂ ခုနှစ် ဧပြီလ (၂၃) ရက်နေ့တွင်မှ မွန်ဒီမိုကရေစီ ပါတီ အမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံ တင်လိုက်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် မေလ (၃၀) ရက်နေ့၌ ပါတီ တည်ထောင် ခွင့်ရရှိခဲ့ခြင်း ဖြစ်ပါသည်။
မွန်ဒီမိုကရေစီ ပါတီသည် မကြာခင် ဗဟို ကော်မတီ အစည်းအဝေး ခေါ်ယူပြီး၊ မြို့ နယ်ဒေသ အသီးသီးတွင် စည်းရုံးရေး ဆင်းမည်ဖြစ်ပြီး ပါတီဝင် အင်အား (၁၀၀၀) စာရင်း ကောက်ခံ သွားမည် ဖြစ်ပါသည်။

No comments:

Post a Comment