ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 11, 2012

မီးသတ် ဦးစီးဌာနမှ တဆင့် ရခိုင်ပြည်နယ်သို့ လှူဒါန်းမှုများ



From : MRTV-4
မီးသတ်ဦးစီး ဌာနမှတဆင့် ရခိုင် ပြည်နယ်သို့ ပြည်သူများက လှူဒါန်းထားတဲ့ လှူဒါန်း ငွေဟာ ကျပ်သိန်း ၂၃၀၀ ကျော်ခန့် ရှိပြီဖြစ်တယ်လို့ မီးသတ် ဦးစီးဌာနမှ
သတင်းထုတ် ပြန်ချက် အရ သိရပါတယ်။ အဆိုပါ လှူဒါန်းငွေ များကို ဇွန်လ ၁၁ ရက်နေ့မှ စတင်ပြီး ဇူလိုင်လ ၁ ရက်နေ့ အထိ အလှူရှင် စုစုပေါင်း ၅၆၅ ဦးက လှူဒါန်း ခဲ့တာဖြစ်ပြီး လှူဒါန်းငွေ စုစုပေါင်းမှာ

၂၃၇၉ သိန်းခန့် ရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းငွေများ ကိုတော့ မီးသတ် ဦးစီးဌာနက ဘဏ်ကနေ တဆင့် ရခိုင်ပြည်နယ် အစိုးရဖွဲ့ကို လွှဲပြောင်း ပေးအပ်တာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ လှူဒါန်းမှု မှာတော့ ဇွန်လ ၁၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ အလှူရှင် ၄၄၁ ဦးမှ ကျပ်သိန်း ၂၀၉၃ သိန်းကျော်နဲ့ ဇူလိုင်လ ၁ ရက်နေ့မှ ၇ ရက်နေ့ အထိတော့ အလှူရှင် ၁၂၄ ဦးမှ ကျပ်သိန်း ၃၀၀ နီးပါး လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ လှူဒါန်းမှု ကိုတော့ ပြည်တွင်းမှ အလှူရှင်များ အနေနဲ့ သက်ဆိုင်ရာ ဌာနတွေကို ဆက်သွယ်ပြီး လှူဒါန်းမှုတွေ ရှိနေသလို ကိုယ်တိုင် သွားရောက် လှူဒါန်းမှုတွေလည်း ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ ဒေသသို့ အလှူငွေနဲ့ အခြားသော ထောက်ပံ့ရေး ပစ္စည်းများ လှူဒါန်း လိုသူများ အနေနဲ့ မီးသတ်ဦးစီး ဌာနကို ဆက်သွယ်ပြီး လှူဒါန်း နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment