ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 11, 2012

ဗိုလ်မှူးဗထူး လမ်းမကြီး တိုးချဲ့မှု ၄၅ ရာခိုင်နှုန်း ဆောင်ရွက် ပြီးစီး



From : MRTV-4
ဒဂုံမြို့သစ် မြောက်ပိုင်း မှာရှိတဲ့ ဗိုလ်မှူးဗထူး လမ်းမကြီး တိုးချဲ့မှုဟာ လက်ရှိမှာ ၄၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီး ဖြစ်တယ်လို့ အဆိုပါ စီမံကိန်းမှ တာဝန်ခံ တစ်ဦးရဲ့
ပြောကြားချက် အရ သိရပါတယ်။ အဆိုပါ ဗိုလ်မှူးဗထူး လမ်းမကြီးရဲ့ အရှည်ဟာ

၁၆၅၅၀ ပေရှိတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဲ့ဒီ လမ်းမကြီးဟာ ကျောက်ခင်းမှု လုပ်ငန်းပိုင်း အားလုံး ပြီးစီးနေပြီး ကျောက်ချော ကတ္တရာခင်းမှုဟာ ပေ လေးထောင် ၀န်းကျင်ခန့် ခင်းပြီး ဖြစ်တယ်လို့ သိရပါတယ်။
ဒီလို ဗိုလ်မှူးဗထူးလမ်းကို တိုးချဲ့ရာ မှာလည်း မူလ လမ်းဟောင်း ၁၈ ပေမှ ၀ဲ/ယာ တစ်ဖက် တစ်ချက်ကို ၁၅ ပေခန့် တိုးချဲ့ သွားမှာ ဖြစ်ပြီး စုစုပေါင်း ၄ လမ်းသွား ၄၈ ပေ ရှိတာ ဖြစ်ပါတယ်။ အခုလို ၄ လမ်းသွား တိုးချဲ့ရ တာဟာ ယခင်က အဆိုပါ နေရာမှာ ကားအသွားအလာ နည်းပါး ပေမယ့်လည်း အခုအခါ ကားအစီးရေ ကိုးထောင်ခန့် သွားလာ လျက်ရှိတဲ့ အတွက် ယာဉ်ကြော ပိတ်ဆို့မှု ဖြစ်ပေါ် မလာစေဖို့နဲ့ ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာ နိုင်ရေး အတွက် တိုးချဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါ ဗိုလ်မှူးဗထူး လမ်းဟာ မြောက်ဥက္ကလာပ မြို့နယ်၊ ဒဂုံမြိုသစ် မြောက်ပိုင်း၊ ဒဂုံမြို့သစ် အရှေ့ပိုင်းနဲ့ ဒဂုံတက္ကသိုလ် တို့ကို ဆက်သွယ် ထားတဲ့ လမ်းဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment