ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 20, 2012

ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်း ဆက်လက်ဆောင်ရွက်မည် မက်စ်မြန်မာကုမ္ပဏီ၏ ရှယ်ယာလျှော့ ချမှုကြောင့် စီမံကိန်းတိုးတက်မှု မထိခိုက်နိုင်


မြန်မာနိုင်ငံတွင် အကောင်အထည် ဖော်နေသော ထားဝယ်ရေနက်ဆိပ် ကမ်းစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားပိုင် မက်စ်မြန်မာကုမ္ပဏီ၏ အစုရှယ်ယာလျှော့ချမှုကြောင့် စီမံကိန်း၏ရေရှည်တိုးတက်မှုကို ထိခိုက်မည်မဟုတ်ကြောင်း အီတာ
လျံထိုင်းကုမ္ပဏီမှ ပြောကြားသည်။
အီတာလျံထိုင်းကုမ္ပဏီသည် လက်ရှိအချိန်တွင် စီမံကိန်းကို ခေတ္တရပ်နားထားသော်လည်း လုပ်ငန်းဆက်လက် အကောင်အထည်ဖော်နိုင်ရေးအတွက် ငွေကြေးအထောက်အပံ့ရရှိရေး အစိုးရများ၊ အခြားအဖွဲ့အစည်းများနှင့် ဆက်လက်ဆွေးနွေးညှိနှိုင်းလျက်ရှိသည်။ အီတာလျံထိုင်းကုမ္ပဏီသည် စတုရန်းကီလိုမီတာ ၂၅ဝ ကျယ်ဝန်းသည့် အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ဘီလီယံ ၅ဝ ရင်းနှီးမြှုပ်နှံရန် လျာထားလျက်ရှိရာ လိုအပ်သောငွေကြေး အရင်းအနှီးအတွက် ဆက်လက်ရှာဖွေသွားမည်ဟု ဆိုသည်။
မက်စ်မြန်မာကုမ္ပဏီအနေဖြင့်လည်း အဆိုပါစီမံကိန်းမှ ထွက်သွားခြင်းမဟုတ်ဘဲ ရှယ်ယာလျှော့ချခြင်းသာဖြစ် ကြောင်း၊ ယင်းသို့လျှော့ချရခြင်းမှာ နိုင်ငံတကာမှ Project များဝင်ရောက် လာနိုင်ရန်ဖြစ်ပြီး မက်စ်မြန်မာကုမ္ပဏီ အနေဖြင့် စင်ကာပူ ဆီအရောင်းဆိုင်လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံလို၍ဖြစ်ကြောင်း၊ ယင်းသို့ဆောင်ရွက်ရခြင်းမှာ မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် နိုင်ငံတကာတွင်လည်း သွားရောက်ရင်းနှီးမြှုပ်နှံနိုင်သည်ကို ပြသလို၍ စင်ကာပူတွင် ရင်းနှီးမြှုပ်နှံရခြင်းဖြစ်ကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းတွင် မက်စ်မြန်မာကုမ္ပဏီက ၂၅ ရာခိုင်နှုန်းသာ ရင်းနှီးမြှုပ်နှံထားကြောင်း ကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဇော်က ဇူလိုင် ၁၄ ရက်က ပြောကြားသည်။

No comments:

Post a Comment