ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 20, 2012

စာတိုက် ၀န်ဆောင်မှု လုပ်ငန်းများအတွက် အဆိုပြုလွှာ တင်သွင်းရန် ဖိတ်ခေါ်နေ

စာတိုက် ၀န်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက်ဖို့ အတွက် နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ Consultant ကုမ္ပဏီ၊ အဖွဲ့အစည်း များကို အဆိုပြုလွှာများ
တင်သွင်းဖို့ အတွက် ဖိတ်ခေါ် လျက်ရှိ တယ်လို့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နေပြည်တော် ဗဟို စာတိုက်ကြီးမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို ဖိတ်ခေါ်ရ တာဟာ အဆိုပါ
စာတိုက် ၀န်ဆောင်မှု လုပ်ငန်းတွေကို နိုင်ငံတကာ အဆင့်မီ သုံးစွဲနိုင်ဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက် ရမှာလည်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီး ဌာန၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနဲ့ ပြည်တွင်း၊ ပြည်ပရှိ စာတိုက် လုပ်ငန်းများ ဆောင်ရွက်နေတဲ့ ကုမ္ပဏီများနဲ့ ပူးပေါင်းပြီး အခုလို စာတိုက် လုပ်ငန်းကို အပြည်ပြည် ဆိုင်ရာ တင်ဒါ ခေါ်ယူပြီး စိစစ် ရွေးချယ်နိုင်ဖို့ စီစဉ် ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။

အခုလို ဆောင်ရွက်ရာမှာ အပြည်ပြည် ဆိုင်ရာ တင်ဒါလုပ်ထုံး လုပ်နည်းများ အတိုင်း ဖြစ်စေဖို့ နိုင်ငံတကာ စံချိန် စံညွှန်းများ အတိုင်း ဖြစ်စေဖို့နဲ့ ပွင့်လင်း မြင်သာမှု ရှိစေဖို့ အတွက် တင်ဒါ ခေါ်ယူဖို့ ပြင်ဆင်ခြင်း၊ တင်ဒါ ခေါ်ယူခြင်း၊ စိစစ် ရွေးချယ်ခြင်း စတဲ့ လုပ်ငန်း အဆင့်ဆင့် တို့မှာ Consultant အဖြစ် ဆောင်ရွက်ပေး နိုင်မယ့် နိုင်ငံတကာ အတွေ့အကြုံ ရှိတဲ့ Consultant ကုမ္ပဏီများ အဖွဲ့အစည်း များရဲ့ နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ၊ အတွေ့အကြုံ များနဲ့ အကြံဉာဏ်များကို ရယူ ဆောင်ရွက် လိုတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီလို ဆောင်ရွက် လိုတဲ့ Consultant ကုမ္ပဏီ အဖွဲ့အစည်းတွေ အနေနဲ့ သြဂုတ်လ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲ မတိုင်မီ စီမံကိန်းနှင့် လေ့ကျင့်ရေး ဌာန မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း နေပြည်တော် ဗဟို စာတိုက်ကြီးရဲ့ ဖုန်းနံပါတ် ၉၅-၆၇-၄၂၀၆၁၁ နဲ့ ၉၅-၆၇-၄၂၀၆၂၂ သို့ ဆက်သွယ်ကာ အဆိုပြုလွှာ တင်သွင်း နိုင်တာ ဖြစ်တယ်လို့ သိရပါတယ်။



No comments:

Post a Comment