မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီးနှင့်ဇနီး၊ သံရုံးမိသားစုဝင်များမှ ယမန်နေ့က ရန်ကုန်မြို့ အမျိုးသားသွေးလှူဘဏ် သစ်ကြီးသို့ လာရောက်၍ စုပေါင်း သွေးလှူဒါန်းခဲ့ကြသည်။
လာမည့်သြဂုတ် ၁၇ ရက်တွင် ကျရောက်မည့် (၆၇)ကြိမ်မြောက် အင်ဒိုနီးရှားနိုင်ငံ၏လွတ်လပ်ရေးနေ့ကို ဂုဏ်ပြု သည့်အနေဖြင့် အင်ဒိုနီးရှားသံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များ စုပေါင်းသွေးလှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု သံရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ''နှစ်နိုင်ငံချစ်ကြည်ရေးအတွက် နှစ်စဉ်နှစ်တိုင်းပဲ ပြုလုပ်နေကျ သွေးလှူဒါန်းပွဲ ဖြစ်ပါတယ်။ ယခင် သံအမတ်တွေတုန်းကလည်း လှူဒါန်းခဲ့ဖူးသလို လက်ရှိသံအမတ်ကြီး တာဝန်ထမ်းဆောင်နေတဲ့ လေးနှစ်တာအတွင်းမှာ နှစ်စဉ်နှစ်တိုင်းပဲ လှူဒါန်းနေကြပါ''ဟု မြန်မာနိုင်ငံ ဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံသံရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီးနှင့် သံရုံးမိသားစုဝင်များသည် နှစ်စဉ်နှစ်တိုင်း မြန်မာ့ရိုးရာ သင်္ကြန်အချိန်အခါတွင်လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် ဇူလိုင်လနှင့် အင်ဒိုနီးရှားနိုင်ငံ တပ်မတော်နေ့ ဂုဏ်ပြုသည့် ဒီဇင်ဘာလတို့တွင်လည်း ကောင်း သွေးလှူဒါန်း လေ့ရှိပြီး တစ်နှစ်လျှင် သုံးကြိမ်လှူဒါန်းလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment