ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 20, 2012

ဇူလှိုင်လ ၂၀ ရက်နေ့အတွက် ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း

ယနေ့ ဇူလှိုင်လ ၂၀ ရက်နေ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်သော ရည်ညွှန်းနိုင်ငံခြား ငွေလဲလှယ်နှုန်း Reference Foreign Exchange Rate မှာ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၈၇၄ ကျပ်သတ်မှတ်ကြောင်း သိရသည်။


ထို့အပြင် Cross Exchange Rate အရ တစ်ယူရိုကို ၁၀၇၁.၃ ကျပ်၊ စင်္ကာပူ တစ်ဒေါ်လာကို ၆၉၆.၂၅ ကျပ်၊ စတာလင်ပေါင် တစ်ပေါင်ကို ၁၃၇၂.၅ ကျပ်၊ ဂျပန်ယန်း တစ်ရာကို ၁၁၁၁.၁ ကျပ်၊ သြစတြေးလျဒေါ်လာ တစ်ဒေါ်လာကို ၉၁၀.၀၈ ကျပ်၊ တရုတ်ယွမ် တစ်ယွမ်ကို ၁၃၇.၁၆ ကျပ်၊ အိနိ္ဒယရူပီး တစ်ရူပီးကို ၁၅.၈၇၇ ကျပ်၊ ကိုရီးယားဝမ် တစ်ရာ ကို ၇၆.၅၉၃ ကျပ်၊ မလေးရှား ရင်းဂစ် တစ်ရင်းဂစ် ကို ၂၇၇.၂၄ ကျပ်နှင့် ထိုင်းဘတ် တစ်ဘတ်ကို ၂၇.၅၈၄ ကျပ် သတ်မှတ်သည်။

No comments:

Post a Comment