ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 30, 2012

လန် ဒန် အိုလံ ပစ် ပွဲ ကျီးနဲ့  ဖုတ် ဖုတ် ဖြစ်နေတယ်ဆိုပဲ

လန်ဒန် အိုလံပစ်ပွဲကို နင်လား ငါလား ပြင်ဆင်ထားကြပေမဲ့  လူတွေမလာကြဘူး လို့ သိရတယ်။ ဗီအိုင်ပီတွေ ပိုက်ဆံရှိသူတွေ
က လက်မှတ်တွေဝယ်ထားတယ်။ ပြီးတော့မသွားကြဘူး။ ဆင်းရဲသားတွေ အကစားသမား
တွေကိုချစ်သူတွေက သွားခြင်တယ်။ လက်မှတ်ကမရှိဘူး။ 

 ပြိုင်ပွဲတွေဆက်တိုက်လုပ်နေပေမဲ့အားပေးမဲ့ပရိတ်သတ်တွေ ဘာဖြစ်လို့ မလာကြသလဲလို့  အိုလံပစ် ကျင်းပတဲ့ ကော်မတီက ဦးဏှောက်ခြောက်နေတယ်ဆိုတယ်။ တခုဖြစ်နိင်တာက အင်္ဂလိပ်တွေရဲ့  လုံခြုံရေး ချဲ့ကားလွန်းတဲ့ ပြင်ဆင်မှု ကြောင့်လဲဖြစ်နိင်ပါတယ်။

 နောက်တခုကလဲ အလွန် စိတ်ပျက်စရာကောင်းပြီး နားကလောစရာကောင်းလွန်းလှတဲ့ ဗြိတိသျှ အသံထွက် ကလဲ နိင်ငံခြားသားတွေအတွက် အခက်တွေစေပါတယ်။ တချိန် တုံးကတော့ သူတို့ အသံထွက်ကို တကမ္ဘာလုံးက ကြိုးစားထွက်ကြရပေမဲ့ အခု က အင်္ဂလိပ်ခေတ်မဟုတ်တော့ပဲ အမေရိကန် ခေတ်ဖြစ်လာပါတယ်။ အမေရိကန် လို အသံထွက်က အဆင်ပြေစေတယ်။ အဆင့်အတန်း ရှိစေပါတယ်။ တောဆန်လှတဲ့ အင်္ဂလိပ်အသံထွက်ကြီးကို ခေတ်သစ်ကမ္ဘာလူငယ်တွေက မထွက်ခြင်ကြတော့ပါ ဘူးရှက်လာကြတယ်လို့ သိရပါတယ်။ ဒါကြောင့်လဲ အိုလံပစ်ပွဲလူနည်းတာဖြစ်နိင်ပါတယ်။

 ဦးစ (  U.SA)

No comments:

Post a Comment