ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 30, 2012

ကင်တားနား ရန်ကုန်ရောက်

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ Tomas Ojea Quintana ဟာ တနင်္ဂနွေနေ့ ညနေပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိလာခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေ ပြေငြိမ်းအောင် အစိုးရ လုံခြုံရေး တပ်ဖွဲ့တွေ ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘင်္ဂါလီ ရိုဟင်ဂျာတွေ အပေါ် ဖိနှိပ်နေတဲ့ ပုံစံဖြစ်သွားတဲ့အတွက် စိုးရိမ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးရုံးအကြီးအကဲ ကပြောဆိုခဲ့ပြီး တဲ့နောက် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ Quintana က - သမ္မတဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အောက်မှာ မြန်မာနိုင်ငံဟာ သိသိသာသာ တိုးတက်မှုတွေ ရရှိခဲ့ကြောင်း ပြောဆိုပါတယ်။

မစ္စတာ Quintana ဟာ ရခိုင်ပြည်နယ်ဘက်ကို သွားရောက်မှာဖြစ်ပြီး လာမယ့်သောကြာနေ့မှာ သမ္မတ ဦးသိန်းစိန် နဲ့ နေပြည်တော်မှာ တွေ့ဆုံမှာဖြစ်ပါတယ်။

တွေ့ဆုံတဲ့အခါ ဘာတွေဆွေးနွေးပြောဆိုမယ်ဆိုတာ မသိရပေမဲ့  ရခိုင်ပြည်နယ်တွင်း ကိစ္စ ဟာ အဓိကဆွေးနွေးစရာဖြစ်ပါလိမ့်မယ်လို့ အမည်မဖေါ်လိုသူ အစိုးရ အရာရှိကြီး တစ်ယောက်က ပြောဆိုကြောင်း အေအက်ပီ သတင်း က ဖေါ်ပြပါတယ်။

မစ္စတာ Quintana ဟာ သြဂုတ်လ (၄) ရက်နေ့အထိ မြန်မာနိုင်ငံမှာ ရှိနေမှာဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်း တွေနဲ့လည်းတွေ့ဆုံမယ်လို့ သိရပါတယ်။
စ္စတာကွင်တားနားနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရမှ ပြည်ထောင်စုဝန်ကြီးငါးဦးတို့သည့် ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီတွင် ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့်ပဋိပက္ခများနှင့် စပ်လျင်း၍ ရန်ကုန်မြို့ရှိ ယခင်နိုင်ငံခြားရေးဝန်ကြီးဌာန ရုံးဟောင်းတွင် ရှင်းလင်းပွဲတစ်ရပ်ပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါတယ်။


No comments:

Post a Comment