ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 30, 2012

ဒီမို ၁၀ ပါတီ သဘောထားကြေညာချက် ရခိုင်ပါတီလက်မခံ ၊ ပြည်သူအချို့ကဝေဖန်

From : http://kachindailynews.blogspot.com/2012/07/blog-post_900.html
လာမည့် ရွေးကောက်ပွဲ များတွင် တစ်ပါတီတည်း အနိုင်ရမှုကို ကာကွယ်ရန် ရွေးကောက်ပွဲ စံနစ် ပြုပြင်ရေးနှင့် ပတ်သတ်၍ ဒီမိုကရေစီ မိတ်ဆွေ ပါတီများက သဘောထား ကြေညာချက် တစ်ရပ်ကို ဇူလိုင်လ ၂၈ ရက်နေ့ စွဲဖြင့် ထုတ်ပြန်ခဲ့သည်။ ဇူလိုင် ၂၇ ရက်နေ့က ဒီမို ၁၀ ပါတီနှင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့ နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။"ေ၇ွးကောက်ပွဲ ကော်မရှင်က ဒါကိုလွှတ်တော် တင်ပြမယ်ပေါ့။ ပါတီတွေနဲ့ ပြည်သူတွေ အားလုံးပါ ၀င်လာအောင် လုပ်ပါဆိုပြီးပြောတယ်။ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကတော့ ဒီသဘောထား ကြေညာချက်ကို လက်မခံပါဘူး " ဟု ဒီမိုမိတ်ဆွေ ပါတီတစ်ခုမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါသဘောထားကြေညာချက်ကို ဖတ်ရှုသိရှိပြီးသူများကလည်း လက်မခံကြောင်းဖြင့် ဝေဖန်ပြောကြား ကြ ပါသည်။

ကြေညာချက်အပြည့်အစုံ



No comments:

Post a Comment