From : မြဝတီ
ကျိုင်းတုံ
တွင် မိုးသည်းထန်စွာရွာသွန်းပြီး နမ့်မလတ်ချောင်းရေလျှံမှုကြောင့်
အထက(၅)ကျောင်းတွင် ၂ ပေ ၆ လက်မ၊ အထက(၅)နှင့် မြို့တော်ခန်းမကြားတွင် ၂ ပေ ၆
လက်မ၊ မြို့တော်ခန်းမနှင့် ခွာညိုလမ်းကြားတွင် ၆ လက်မ၊ အမှတ်(၃)ရပ်ကွက်
မြို့ပတ်လမ်းတွင် ၄ ပေ ၆ လက်မ နှင့် လူနေအိမ်များတွင် ၁ ပေ ခန့်၊ လွယ်မွေ
လမ်းပေါ်ရှိ ဘက်စုံမွေးမြူရေးခြံပေါ်တွင် အလျား ၅၀၀ပေ နှင့် အနက် ၂ ပေ ခန့်၊
ကန်နားလုံနှင့်နောင်ဖာ ကြားတွင် ၂ ပေ ၃ လက်မ ခန့် ရေနစ်မြုပ်လျက်ရှိပြီး
ကျိုင်းတုံတပ်နယ်မှူး ဗိုလ်မှူးကြီး စိုးနိုင်ဦး ဦးစီး အင်အား ၂၀၀
ဦးခန့်နှင့် ဌာနဆိုင်ရာအဖွဲ့များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ
ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
No comments:
Post a Comment