ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 30, 2012

မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် မွတ်ဆလင် နှစ်သောင်း အသတ်ခံရကြောင်း လန်ဒန် အိုလံပစ်ပွဲ လူစည်သောနေရာများတွင် ဆိုင်းဘုတ်ထောင်ထား


မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် မွတ်ဆလင် နှစ်သောင်း အသတ်ခံရကြောင်း လန်ဒန် အိုလံပစ်ပွဲ လူစည်သောနေရာများမှာ မြန်မာမွတ်စလင် အစည်းအရုံး (လန်ဒန်) မှ ဆိုင်းဘုတ်တွေ လိုက်ထောင်နေကြောင်း သတင်းရရှိပါတယ်။

အထူးသဖြင့် စနေ နဲ့ တနင်္ဂနွေ လို ရုံးပိတ်ရက် လူအထူးစည်ကားတဲ့ နေရာတွေမှာ ကျယ်ကျယ်ပြန့်ပြန် လိုက်လံ ဖော်ပြနေကြကြောင်း သိရပါတယ်။

ဆိုင်းဘုတ်တွေမှာ မြန်မာနိုင်ငံတွင် တစ်ပတ်လျှင် မွတ်ဆလင် နှစ်သောင်းကျော် အသတ်ခံနေရကြောင်း၊ တစ်လလျှင် မွတ်ဆလင် ၅ သောင်း နဲ့ တစ် လ အတွင်းမှာ မွတ်ဆလင် တစ်သိန်းကျော်ကို သတ်ပစ်လိုက်ကြောင်း၊ မြန်မာလူမျိုးများက အလွန်တရာ ရက်စက်ကြမ်းကြုပ်ကြောင်း ရေးသားထားပါတယ်။

လန်ဒန်အိုလံပစ်အကြောင်းကို နေ့စဉ် ပုံကြီးချဲ့ထုတ်လွှင့်နေတဲ့ ဘီဘီစီ မြန်မာပိုင်း ကတော့ အိုလံပစ်မှာ မမှန်မကန် ဆိုင်းဘုတ်ထောင်ခံရတဲ့ မြန်မာနိုင်ငံအကြောင်းကို လုံးဝ ထည့်သွင်းပြောကြားခြင်းမရှိပဲ ဗြိတိသျှ တို့ရဲ့ အစဉ်အလာကြီးမားပုံတို့ကိုသာ ကပ်ဖား ထုတ်လွှင့်နေပါတယ်။
မြန်မာမွတ်စလင် အစည်းအရုံး (လန်ဒန်) မှ တာဝန်ရှိသူ ကတော့ ဦးကျော်စွာ ဖြစ်ပြီး ဖုန်းနံပတ် နဲ့ အီးမေး ကတော့ +44 782 842 6801(UK) kyawzwa@b-m-a.org ဖြစ်ပါတယ်။ မြန်မာမွတ်စလင် အစည်းအရုံးရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာ ပြဿနာ ဖြစ်ရခြင်း မှာ မှူးဇော် နှင့် မီဒီယာ ကြောင့် လို့ စွပ်စွဲ ပြောဆိုထားပါတယ်။

လက်တလော ဖြစ်နေတဲ့ ရိုဟင်ဂျာ ပြဿနာမှာ ရိုဟင်ဂျာ ကို မြန်မာတိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရေး တက်ကြွ လှုပ်ရှားသူ အများအပြားက ဗြိတိန်နိုင်ငံက ဖြစ်ပြီး နောက်နေ့ အိုလံပစ် ပွဲများတွင်လည်း ဒီထက်မက ကျယ်ကျယ်ပြန့်ပြန့် ဝါဒဖြန့်ကြမယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ လ ဥရောပ ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်မြို့ရှိ ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အဖြစ် အသိအမှတ်ပြုရေး လှုပ်ရှားသူများကို တွေ့ဆုံအားပေးခဲ့ပါတယ်။

No comments:

Post a Comment