ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 22, 2012

ဧရာဝတီတိုင်းမှ အစ္စလာမ်ဘာသာဝင်များ ကချင်ပြည်နယ်၊ရွှေကူမြို့နယ်သို့သွားရောက်



       ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နေတဲ့ အစ္စာလာမ်ဘာသာဝင် ဦးအောင်နိုင်ဝင်းခေါင်းဆောင်တဲ့ အဖွဲ့ဝင်(၁၀)ယောက်ဟာ ငွေအိုးမန်းခရီးသည်တင် မှန်လုံယာဉ်ဖြင့် မန္တလေးကနေရွှေကူကို အခုလ၂၀ ရက်နေကရောက်လာပါတယ်။ ရွှေကူမြို့ အမှတ်(၃)ဆိုင်ကုန်းရပ်ကွက်ရှိ ဂျာမေဗလီမှာတည်းခိုနေထိုင်ပြီး ဒီလ ၂၁ရက်နေမှ၂၇ရက်နေ့အထိ ၄င်းတို့ဘာသာ၏ ရစ်ဇာန်ဥပုသ်ကာအဖြစ် သတ်မှတ်ထားသည့်အတွက်
ဥပုလ်သီလဆောက်တည် ၀တ်ပြုဆုတောင်းခြင်းကို လာရောက်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ ၄င်းတို့ဒေသ ဧရာဝတီတိုင်းတွင် သီလဆောက်တည် ၀န်ပြုမှုလုပ်နိုင်သော်လည်း ယခုလိုလာရောက်ခြင်းအတွက် စဉ်းစားစရာဖြစ်နေပါတယ်။ နေ့စဉ်မနက် ၅နာရီမှ ၇နာရီအထိနှင့် နေ့လည် ၁ နာရီမှ ၂ နာရီအထိ ပြုလုပ်သွားမယ်လို့သိရပါတယ်။ ရွှေကူမြို့အတွင်းမှာ အစ္စလာမ်ဘာသာဝင်စုစုပေါင်း ၆၇၇ယောက်ရှိတယ်လို့ သိရပါတယ်။ နီးစပ်သူတွေကတော့ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး ဆက်စပ်မှုရှိနိုင်တယ်လို့ ယူဆတဲ့အတွက် ရိုဟင်ဂျာပြဿနာဟာ ကချင်ဒေသကိုပါ ကူးစက်လာမှာကို စိုးရိမ်မိတယ်လို့ ရွှေကူးမှ ဒေသခံတစ်ဦးက ပြောပါတယ်။

No comments:

Post a Comment