ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 22, 2012

ကာမိုင်းမြို့နယ်မှ KIAအမာခံ ဦးဂရန်တူးမှ ကိုယ့်သားသမီးအရင်းကိုပြန်သတ်



ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့နယ်ခွဲရှိ နန့်စီးအင်ကျေးရွာမှာနေထိုင်တဲ့ KIAတပ်ဖွဲဝင်တစ်ဦးဖြစ်သူ ဦးဂရန်တူးဟာ KIAရဲ့အမာခံတာဝန် ထမ်းဆောင်ရင်း အထက်ကဖိနှိပ်မှုများကြောင့် စိတ်ပင်ပန်မှုဖြစ်ကာ ဇူလိုင်လ ၂၁ရက်နေ့ညနေမှာ အရက်သေစာ သောက်စားမူးယစ်ပြီး လူစိတ်ကင်းမဲ့စွားဖြင့် ၄င်း၏သားနှင့်သမီးဖြစ်သူ မခေါင်နန်(၁၀)နှစ်အရွယ်နှင့်
သားဖြစ်သူမောင်ထွယ်အောင် (၇)နှစ်အရွယ်ကလေးနှစ်ဦးကို ဓားဖြင့် ရက်ရက်စက်စက် လည်ပင်းလှီးပြီး သတ်ခဲ့တယ်လို့ သိရပါတယ်။ ဦးဂရန်တူးကိုယ်တိုင်လည်း  ဆွဲကြိုးချ၍ မိမိကိုယ်ကို သတ်သေသွားခဲ့တယ်လို့ နန့်စီးအင်ကျေးရွာနေ ရွာသားတစ်ဦးထံမှ သိရပါတယ်။
သူဟာKIAတပ်မဟာ(၂)၊တပ်ရင်း(၆)လက်အောက်မှာတာဝန်ထမ်းဆောင်ခဲ့ပါတယ်။
 သေဆုံးမှုနှင့်ပတ်သက်ပြီး အလောင်းများကိုတော့ KIAတပ်ဖွဲ့မှ ညနေ ၆နာရီလောက်မှာ ရောက်လာပြီး သယ်ဆောင်သွားခဲ့ပါတယ်၊ မည်သည့်အတွက်ကြောင့် သယ်ဆောင်သွားတယ်ဆိုတာကိုတော့ ပြောမသွားခဲ့ပါဘူး။ KIA တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ လက်အောက်ခံစစ်သည်တွေဟာ စိတ်ရောက်ကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေ၊ စားဝတ်နေရေး အဆင်မပြေမှု၊ ခေါင်းဆောင်တွေရဲ့ဖိနှိပ်မှုကြောင့် မိသားစုတွေလည်း မပြေမလည်ဖြစ်ကြတာများတယ်လို့ သိရပါတယ်။ KIA တပ်ကနေ ထွက်ပြေလို့ ပြန်ဖမ်းမိရင်လဲ စံပြအဖြစ် အသတ်ခံရမှာကို ကြောက်လို့ လက်အောက်ငယ်သားတွေ ဒုက္ခရောက်နေကြပါတယ်။

No comments:

Post a Comment