ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 22, 2012

Chabang ရေနက်ဆိပ်ကမ်းမှ Regional Investment and Economic Center သို့ သွားရောက်လေ့လာစဉ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ကြိုဆိုနှုတ်ဆက်သူများ


From : ပေါ်ပြူလာ Chabang ရေနက်ဆိပ်ကမ်းမှ Regional Investment and Economic Center သို့ သွားရောက်လေ့လာစဉ် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ကြိုဆိုနှုတ်ဆက်သူများ၊ ရှင်းလင်းပြောကြားသူများနှင့် အတူတွေ့ရစဉ်။

Laem Chabang ရေနက်ဆိပ်ကမ်းသည် ထိုင်းနိုင်ငံ၏ အကြီးဆုံးရေနက်ဆိပ်ကမ်းဖြစ်ပြီး မြောက်ဘက် ပတ္တရားမှ တောင်ဘက် ချောင်ဘူရီအထိ ၂၅ ကီလိုမီတာခန့် ကျယ်ဝန်းသည်။

ဘန်ကောက် အပြင်ဘက်ဒေသများနှင့် ထိုင်းပင်လယ်ကမ်းရိုးတန်းဒေသများ ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကစီမံကိန်းတစ်ခုအနေဖြင့် ၁၉၈၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ပြီးစီးခဲ့သည်။

၂၀၀၅ ခုနှစ်တွင် ကမ္ဘာ့အလုပ်လုပ်ရဆုံး(အလုပ်အရှုပ်ဆုံး) ဆိပ်ကမ်းတွင် အဆင့် ၂၀ အဖြစ် ရပ်တည်ခဲ့ပြီး ထိုင်းနိုင်ငံသို့ လာရောက်သော နိုင်ငံတကာသင်္ဘောအများစုမှာ Laem Chabang ဆိပ်ကမ်းတွင် ဆိုက်ကပ်ကြသည်။

ယင်းရေနက်ဆိပ်ကမ်းတွင် ဗိသုကာပညာရှင် Jack Nicklaus ပုံစံ ထုတ်ပေးသော Laem Chabang International Country Club ကဲ့သို့သော ကမ္ဘာ့အဆင့်မီ ဂေါက်သီးကစားကွင်းများ ရှိသည်။ ထို့အတူ ExxonMobil ရေနံသန့်စင်စက်ရုံ ၂ ရုံလည်း ရှိသည်။

ရထားလမ်းများ အပါအ၀င် ထိုင်းဘတ်ငွေ ၃၆ ဘီလျံကုန်ကျမည့် အခြေခံအဆောက်အဦစီမံကိန်းအား ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၃ ရက်တွင် အတည်ပြုခဲ့ပြီး Laem Chabang ကို Korat နှင့် Lat Krabang ဆက်သွယ်ရေးလမ်းကြောင်းကို တည်ဆောက်မည်ဖြစ်သည်။





Laem Chabang ဆိုသည်မှာ ထိုင်းနိုင်ငံ ချောင်ဘူရီခရိုင်အတွင်းရှိ မြို့တစ်မြို့ ဖြစ်ပြီး ၂၀၀၆ ခုနှစ် တွင်ကောက်ယူရရှိသောစာရင်းအရ လူဦးရေ ၆၁၈၀၁ ဦးခန့် နေထိုင်ကြောင်းသိရသည်။

No comments:

Post a Comment