ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 29, 2012

ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကြယ်ငါးပွင့်အဆင် ရေပေါ်ဟိုတယ်တည်ဆောက်

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင် ဆိပ်ကမ်းတွင် ကြယ်ငါးပွင့်အဆင့်ရှိ ရေပေါ်ဟိုတယ်တည်ဆောက်ရန် စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။ လုပ်ဆောင် အဆိုပါရေပေါ်ဟိုတယ်ကို ဗိုလ်တ ထောင် အမှတ်(၆)ဆိပ်ကမ်းတွင် တည် ဆောက်မည်ဖြစ်ပြီး ဇွန် တတိယပတ်မှ စတင်၍ သံမဏိပေါင်းကူးတံတားပြု လုပ်ခြင်း၊ တံတားခံဗော၊ ဆိပ်ခံဗော စသည့်အကြိုလုပ်ငန်းဆောင်ရွက်ချက် များပြင်ဆင်လုပ်ဆောင်လျက်ရှိပြီး ဒီဇင် ဘာလတွင် အပြီးသတ်လုပ်ဆောင် သွားမည်ဟု သိရသည်။ ရေပေါ်ဟိုတယ်အဖြစ် အသုံးပြုမည့် သင်္ဘောနှစ်စင်းကို ပြည်ပမှ မှာယူထား ပြီး အကြီးစားသင်္ဘောဖြင့် ရန်ကုန် ပင်လယ်ဝသို့ သယ်ဆောင်လာမည်ဟု သိရသည်။

ယင်းသင်္ဘောမှာ အလျား ၂၂၈ ပေ၊ အနံပေ ၅ဝ ရှိကြောင်း သိရ သည်။ ပါဝင် အဆိုပါသင်္ဘောတစ်စင်းလျှင် နှစ် ယောက် အိပ်ခန်း ၇၂ ခန်းဖြင့် သင်္ဘော နှစ်စင်း စုစုပေါင်း အခန်း ၁၄၄ ခန်းပါ ဝင်မည်ဖြစ်သည်။ သင်္ဘောနှစ်စင်းကို မျက်နှာချင်း ဆိုင်အနေအထားဖြင့် ပြင်ဆင်ထားရှိ မည်ဖြစ်ပြီး နိုင်ငံတကာကြယ်ငါးပွင့် အဆင့်နှင့်အညီ ဝန်ဆောင်မှုများ ပေး သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန် ကြီးဌာနမှ သတင်းရရှိသည်။

မြဝတီ

No comments:

Post a Comment