ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 29, 2012

NLD အမတ်တွေ သြစတြေးလျ က ဘာတွေသင်ခဲ့လဲ

ရွေးကာက်ပွဲပြီးပြီးချင်း ကျမ်းမကျိန်ရသေးခင်မှာပဲ NLD အမတ် သုံးဦးနဲ့ NLD ပါတီဝင် အဆိုတော်လင်းလင်း တို့ ကို သြစတြေးလျနိုင်ငံသို့ ပညာသင်စေလွှတ်ခဲ့ပါတယ်။ NLD အမတ်တွေ သြစတြေးလျက ပြန်လာပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပညာပြန်လည် သင်ကြားတာတွေ ရှိခဲ့ပေမယ့် ရိုဟင်ဂျာနဲ့ သြစတြေးလျ နဲ့ NLD တို့ ပတ်သက်ပြီး သဘောထားက လုံးဝ ခြားနားနေတယ်လို့ သိရပါတယ်။

သြစတြေးလျ ၀န်ကြီးချုပ် ဂျုလီယာဂျစ်လတ်က ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး ပြတ်ပြတ်သားသား ခိုင်ခိုင်မာမာဖြင့် ရပ်တည်နေပေမယ့် ဒေါ်အောင်ဆန်းစုကြည် နဲ့ NLD ကတော့ ခုချိန်ထိ ပြတ်ပြတ်သားသား ပြောကြား တာမျိုးမရှိပဲ ဝေ့လည်ကြောင်ပတ်နဲ့ပဲ ဟုတ်သလိုလို မဟုတ်သလိုလို နဲ့ Yes (or) No တောင် ခိုင်ခိုင်မာမာ မဖြေနိုင်သေးဘူးဖြစ်ပါတယ်။

ရိုဟင်ဂျာများနှင့်ပတ်သက်ပြီး
သြစတြေးလျ အမျိုးသမီးခေါင်းဆောင်က

“ပြည်ပက လာရောက်နေထိုင်သူတွေကသာ အသားကျအောင် လုပ်ရမှာလေ။ သြစတြေးလျသားတွေက လုပ်ရမှာ မဟုတ်ဘူး။ နေချင်နေ မနေချင်ရင် ထွက်သွား”

“ကျွန်မတို့ အင်္ဂလိပ်စကားကိုပဲ အဓိကပြောပါတယ်။ စပိန်၊ လက်ဘနွန်၊ အာရပ်၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အခြား ဘာသာစကားတွေ မပြောပါဘူး။ ဒါကြောင့် ရှင်တို့ ကျွန်မတို့ လူ့အသိုင်းအ၀ိုင်းမှာ အပါးအ၀င် ဖြစ်ချင်တယ်ဆို ရင် ဒီဘာသာစကားကို သင်ကြားပါ”

“သြစတြေးလျလူမျိုး အားလုံးဟာ ဘုရားသခင်ကို ယုံကြည်ကြပါတယ် ခရစ်ယန်တချို့တလေကြောင့် လင်္ကျာ ၀ါဒီကြောင့်၊ နိုင်ငံရေးနှိုးဆော်ချက် စတာတွေကြောင့် မဟုတ်ပါဘူး၊ ခရစ်ယန်အမျိုးသား အမျိုးသမီးအများက ဒီနိုင်ငံတော်ကြီးကို ခရစ်ယန်အယူဝါဒအပေါ်အခြေပြုကာ ထူထောင်ခဲ့ကြကြောင်းကို ရှင်းလင်းစွာကပ္မည်း အက္ခရာ တင်ခဲ့ကြတာပါ။”

“သင် ဒီမှာမပျော်ရွှင်ဘူးဆိုရင် ပြန်သွားပါ။ ကျွန်မတို့ သင့်ကို အတင်းလာခိုင်းခဲ့တာလည်း မဟုတ်ပါဘူုး၊ သင် ကသာ လာနေပါစေလို့ တောင်းဆိုခဲ့တာပါ။ ဒါကြောင့် သင့်ကိုလက်ခံနိုင်တဲ့ နိုင်ငံကို သင်ကလည်း လက် ခံပေးပါ။”

လို့ အပြတ်ပြောခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဥရောပ ခရီးစဉ်မှာ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး သတင်းထောက်အများအပြားက မေးခဲ့ပေမယ့် သြစတြေးလျက အမျိုးသမီး ရဲ့ ပြတ်သားမှု ကို ခြေဖျားတောင် မှီအောင် မပြောနိုင်ခဲ့တဲ့ အပြင် ရိုဟင်ဂျာကို မြန်မာတိုင်းရင်းသား အသိအမှတ်ပြုရေး လှုပ်ရှားသူ များထံသို့သွားရောက်ခဲ့ပြီး တွေ့ဆုံအားပေးတာတွေ လုပ်ခဲ့ပါတယ်။

No comments:

Post a Comment