ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 29, 2012

ပုဂ္ဂလိက ကဏ္ဍမှ လေကြောင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းများ ၀င်ရောက် လုပ်ကိုင်နိုင်

From : .MRTV4 ရထား ပို့ဆောင်ရေး၊ လေကြောင်း ပို့ဆောင်ရေး တွေကို နိုင်ငံတော် အစိုးရကသာ လုပ်ကိုင် ခဲ့ရာကနေ ယခုနှစ်မှ စတင်ကာ လေကြောင်း ဆိုင်ရာ
စီးပွားရေး လုပ်ငန်း များကို ပုဂ္ဂလိက ကဏ္ဍကနေ ၀င်ရောက် လုပ်ကိုင်နိုင်ပြီ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ ဒါကြောင့် လုပ်ကိုင် လိုတဲ့ လုပ်ငန်းရှင် တွေဟာ ရင်းနှီး မြှုပ်နှံမှုနှင့် ကုမ္ပဏီများ မှတ်ပုံတင် ဦးစီးဌာနမှာ
ကုမ္ပဏီ မှတ်ပုံတင်ပြီး မိမိ လုပ်ကိုင်လိုတဲ့ လေကြောင်း ဆိုင်ရာ စီးပွားရေး လုပ်ငန်းနဲ့ ပတ်သက်တဲ့ ဖြစ်နိုင်ခြေ အလားအလာ များကို proposal တင်ပြရမှာ ဖြစ်ပါတယ်။

ဒီလို တင်ပြ ထားတဲ့ proposal ပေါ်မူတည်ပြီး သက်ဆိုင်ရာက စစ်ဆေးပြီး လုပ်ကိုင် ခွင့်ပြု သွားမှာ ဖြစ်ပါတယ်။ ဒီလို လုပ်ကိုင်ရာ မှာလည်း ပြည်တွင်း လုပ်ငန်းရှင် တွေဟာ ပြည်ပက လုပ်ငန်းရှင် တွေနဲ့ပါ ပူးပေါင်း လုပ်ကိုင် နိုင်မှာ ဖြစ်ပါတယ်။ ဒီလို ပုဂ္ဂလိက ကဏ္ဍကို ၀င်ရောက် လုပ်ကိုင် ခွင့်ပြုလိုက် ခြင်းကြောင့် လက်ရှိ နိုင်ငံတော်မှ လုပ်ကိုင် လျက်ရှိတဲ့ လေကြောင်း လိုင်းနဲ့ လေကြောင်း ၀န်ဆောင် မှုလုပ်ငန်း တွေကို လွှဲပြောင်း ပေးတာ မဟုတ်ဘဲ ပုဂ္ဂလိက ကဏ္ဍက ၀င်ရောက် လုပ်ကိုင်မှု တိုးမြှင့် လိုက်တာ ဖြစ်တယ်လို့ မြန်မာ့ လေကြောင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။

ဒီလို ပုဂ္ဂလိက ကဏ္ဍကို ၀င်ရောက် လုပ်ကိုင်ခွင့်ပြု ခြင်းမှာ မြန်မာနိုင်ငံဟာ ၂၀၁၄ ခုနှစ်မှာ အာဆီယံ ဥက္ကဋ္ဌ အဖြစ် လက်ခံ ကျင်းပမှာ ဖြစ်သလို ၂၀၁၅ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြည်ပ လေကြောင်း လိုင်းများမှ ပြည်တွင်းမှာ လာရောက် ဆင်းသက် တဲ့အခါ လွတ်လပ်စွာ ပျံသန်း ဆင်းသက် နိုင်မယ့် Open Sky ပြုလုပ်မှာ ဖြစ်တာ တွေကြောင့် လေကြောင်း ကဏ္ဍ ယခုထက် ပိုမိုဖွံ့ဖြိုးဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် လေကြောင်း စီးပွားရေး လုပ်ငန်း များကို ပုဂ္ဂလိက ကဏ္ဍသို့ လုပ်ကိုင်ခွင့် ပေးလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment