ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, July 21, 2012

ဆဒုံး-ကန်ပိုက်တီးဒေသတွင် ပြည်သူလူထုနေထိုင်၍မရအောင်KIAမှအစီအစဉ်တကျဆောင်ရွက်နေ

ဝါရှောင်-ဆဒုံး-ကန်ပိုက်တီး ကားလမ်းပေါ်မှာရှိတဲ့ လနချောင်းကြိုးတံတားကို KIA ကချင်လက်နက်ကိုင် အဖွဲ့က နှစ်ကြိမ်တိုင်တိုင် မိုင်းခွဲပြီး လူ/ယာဉ်လုံးဝ သွားလို့မရအောင် ဖျက်ဆီးခဲ့လို့ ဒေသတွင်းမှာ နေထိုင်တဲ့ ပြည်သူလူထုများရဲ့ သွားလာရေးအလွန်ဒုက္ခရောက်ပြီး ကုန်ဈေးနှုန်းတွေ မြင့်တက်နေတယ်လို့ ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါတယ်။

ဝါရှောင်၊ ဆဒုံး၊ ကန်ပိုက်တီး ဒေသတွင်းမှ ပြည်သူများဟာ ဒီလမ်းကြောင်းတစ်ခုကိုဘဲ အားကိုးနေရတာကြောင့် ဆဒုံးမြို့နယ်ခွဲက ပြည်သူတစ်ချို့ဟာ သာရေး/နာရေးအတွက် အဆင်ပြေအောင်ဆိုပြီး သံမဏီစက်သီးကြိုး များဖြင့် လူ၊ ပစ္စည်း၊ ဆိုင်ကယ်များ ကူးသန်းသွားလာရေးအတွက် စီစဉ်ပေးပြီးတော့ ဖြစ်ကူးခကို တော့ ဈေး ကြီးကြီး ကောက်ခံနေတယ်လို့ သိရပါတယ်။
နယ်မြေခံဖြစ်တဲ့ KIA တပ်ဖွဲ့ကို ၄၀ ရာခိုင်နှုန်း အခွန်ပေးဆောင်ရတယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့် ပြည်သူ လူထုက စားဝတ်နေရေးအတွက် အများပြည်သူပိုင်လမ်းပေါ်မှာ ငွေကုန်ကြေးကျခံ၊ အသက်ဖြင့်ရင်းပြီး သွားလာ နေရတာကို KIA မှ မြင်ပြီးတော့ လူသားချင်းစာနာစိတ်ဖြင့် နောင်တရမည့်အစား လနရေတံခွန်ချောင်းမှာ တံတားထိုးခြင်း၊ လူကူးခြင်းမလုပ်ဖို့အပြင် အနီးအနားတွင် လူမနေရန်အတွက် ယခုလ(၁၅)ရက်နေ့က အကြောင်းကြားစာများ ဖြန့်ဝေခဲ့ပါတယ်။ မလိုက်နာလျှင် တာဝန်မယူဘူလို့လည်း ရေးသားထားကို စာနှင့် တကွ သတင်းပေးပို့လာပါတယ်။
ဒေသတွင်းမှာရှိတဲ့ပြည်သူတွေက ပြောနေကြတာကတော့ “ ဒါတော့ KIA က တော်တော် တရားလွန်သွားပြီ အစိုးရတပ်များ သွားလို့မရအောင် လုပ်တာမဟုတ်တော့ဘူး။ ပြည်သူလူထုတွေ စားစရာ ၀တ်စရာမရှိဘဲ တဖြည်းဖြည်းနဲ့ ငတ်သေအောင် လုပ်နေတာ။ ဒီဒေသမှာ လုံးဝနေမရအောင် အစီအစဉ်တကျ လုပ်နေတာ။ ဒီနေရာက အစိုးရစစ်တပ်ကလည်း ဖြတ်တာမဟုတ်ဘူး ပြည်သူလူထုတွေဘဲ ဖြတ်သွားတာ လောက်တော့ KIA က နားလည်ပေးဖို့ကောင်းတယ် KIA က ကိုယ်ချင်းစာတရားလည်းမရှိကြဘူးလို့ ” ၀ါရှောင် ဆဒုံးဒေသမှ ဒေသခံပြည်သူလူထုတွေက ပြောဆိုနေကြပါတယ်။
http://kachindailynews.blogspot.com  မှကူးယူဖော်ပြသည်

No comments:

Post a Comment