
From : The Voiceကမ္ဘာကျော် အမေရိကန် အချိုရည် ကိုကာကိုလာက မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် လုပ်ကိုင်မည်ဟု အတည်ပြုပြီးနောက် ပြည်တွင်းဈေးကွက်အတွင်း ဈေးကွက်ဝေစုရခဲ့သော နာမည်ကျော် PEPSI (ပက်စီ) အချိုရည်သည်လည်း ပြန်လည်လုပ်ကိုင်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်က ပြောကြားသည်။ မန္တလေးမြို့ Hotel Mandalay တွင် ဇွန်လ ၃၀ ရက်နေ့ ညနေ ၅ နာရီက ပြုလုပ်သော “ထိန်းညှိခြင်းလား၊ ထိန်းညှိခံလား” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတွင် ဒေါက်တာနေဇင်လတ်က အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။ “ဒီမလာခင် မြန်မာလ်ဂိုးဒင်းစတား ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွန်းနဲ့ စကားပြောခဲ့တယ်” ဟု ၄င်းကဆိုသည်။ ကမ္ဘာကျော် အမေရိကန် အချိုရည်လုပ်ငန်း ကုမ္ပဏီ ကိုကာကိုလာက မြန်မာနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး ယင်းမှာ နှစ်ပေါင်း ၆၀ နီးပါးအတွင်း ပထမဆုံးအကြိမ် ပြန်လည်ဝင်ရောက်ခြင်း ဖြစ်ကြောင်း BBC သတင်း၌ ဖော်ပြထားသည်။ PEPSI အချိုရည်သည် အမေရိကနှင့် ဥရောပနိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှုများကြောင့် ပြည်တွင်း၌ မလုပ်ကိုင်တော့သည်မှာ ဆယ်စုနှစ်ကျော်ပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။ နိုင်ငံတော်သမ္မတ အကြံပေး ဒေါက်တာနေဇင်လတ်သည် မန္တလေးမြို့၌ ဇွန်လ ၃၀ ရက်နေ့တွင် Sedona Hotel နှင့် Hotel Mandalay တို့တွင် နှစ်ကြိမ်ဟောပြောခဲ့သည်။
No comments:
Post a Comment