ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, July 21, 2012

ကိုးကန့်ဒေသတွင်မိသော မူးယစ်ဆေးဝါးများ RCSS/SSA နှင့်ဆပ်စပ်နေ

          ဇူလိုင်လ ၁၆ ရက်နေ့ နံနက် ထိုင်းနိုင်ငံစံတော်ချိန် နံနက်(၅)နာရီခန့်က ထိုင်းနိုင်ငံ၊ မယ်ဆိုင် ခရိုင်အတွင်းတွင် မူးယစ်ဆေးဝါးသယ်ဆောင်လာသူများနှင့် ထိုင်းနိုင်ငံလုံခြုံရေးတို့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။ ထိုင်းလုံခြုံရေးမှ ၀ိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့သော်လည်း မူးယစ်ဂိုဏ်းသားများက ပြန်လည် ပစ်ခတ်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး မူးယစ်ဂိုဏ်းသား(၈)ယောက် အသေဖမ်းမိခဲ့သော်လည်း ကျန်လူများမှာ မြန်မာနိုင်ငံဘက်သို့ ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ ၄င်းမူးယစ်ဆေးဝါးများ ရောင်းဝယ် ထုတ်လုပ်ခြင်းသည် RCSS/SSA အဖွဲ့နှင့် ဆက်စပ်နေကြောင်း၊ ၄င်းထုတ်လုပ်ပြီး မူးယစ်ဆေးဝါးများအား RCSS အဖွဲ့မှ ဖြန့်ဖြူးပေးကြောင်းသိရပါတယ်။

 RCSS အဖွဲ့အနေဖြင့် ဖြန့်ဖြူးရောင်းချခြင်းကို နောက်ကွယ်မှ ဆောင်ရွက်နေသော်လည်း နိုင်ငံတကာ အသိုင်းအ၀ိုင်းသိရှိစေရန် မူးယစ်ဆေးဝါးဖျက်ဆီးခြင်းများ ဆောင်ရွက်ခြင်း၊ ဘိန်းခင်းများ ဖျက်ဆီးခြင်းလုပ်ငန်းများကို မီဒီယာများမှတစ်ဆင့် ထုတ်လွှင့်ပြသခဲ့ပါတယ်။ ဒါ့အပြင် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အစည်းအဝေးများပြုလုပ်ပြီး ထုတ်ပြန်ချက်များကိုလည်း ထုတ်ပြန်ကြေငြာခြင်းဖြင့် မူးယစ် ဆေးဝါးဆန့်ကျင်ရေးကို အထူးကြိုးပမ်းဆောင်ရွက်နေကြောင်းပြသခဲ့ပါသည်။ ဒီလိုဆောင်ရွက်မှုများကြောင့် ၂၀၁၂ခုနှစ်၊ ဇွန်လ(၂၃) ရက်နေ့တွင် ထိုင်းအစိုးရနှင့် ထိုင်းမူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့တို့မှ Golden Cogle Award (ရွှေလင်းယုန်)ဆုအား ချီးမြှင့်ခဲ့ပြီး၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအစီအစဉ်သစ်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ်။ ၄င်းအစီအစဉ်တွင် RCSS မှ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုမရှိသလောက် နည်းပါးသော ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းပန်မြို့ကို စံပြဒေသအဖြစ်သတ်မှတ်ပြီး သြဂုတ်လဆန်းပိုင်းမှ စတင်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းစတင်မည်ဟု ထိုင်းနိုင်ငံနဲ့ သဘောတူညီချက်ရယူခဲ့ပါတယ်။
          မူးယစ်ဂိုဏ်းသားများထံမှ ICE ခေါ် ခရစ်စတယ်အမှုန့် ကီလို ၇၀ ကျော်နှင့် မက်ဘာဖစ်တလင် ဆေးပြားငါးသိန်းခွဲကျော်၊ (ကာလတန်ဖိုး ထိုင်းဘတ်ငွေ ယန်း ၅၀၀ကျော်ဖိုး) ဖမ်းဆီးရမိခဲ့ပါတယ်။ ၄င်း သေဆုံးသူများမှာ RCSS အဖွဲ့၏ နောက်ဆုံး ပြောင်းလဲထားသော ပြောက်ကျားဝတ်စုံ ၀တ်ဆင် ထားသောကြောင့် ထိုင်းရဲတပ်ဖွဲ့မှ ၄င်းမူးယစ်ဆေးဝါးရောင်းဝယ်ခြင်းအား RCSS အဖွဲ့မှ နောက်ကွယ်တွင် ကြိုးကိုင်ဆောင်ရွက်နေတယ်ဆိုတာ သံသယရှိကြောင်း Bangkok Post သတင်းစာမှာ ဖော်ပြထား ခဲ့ပါတယ်။
          RCSS ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်မှ ၄င်းမူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ နောက်ကွယ်တွင် RCSS အဖွဲ့ ပါဝင်ခြင်း မရှိကြောင်း ငြင်းဆိုထားသော်လည်း ထိုင်းအစိုးရအနေဖြင့် အဖြစ်မှန် ပေါ်ပေါက်ရေးအတွက် RCSS အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီးရွက်ဆစ်အား ဖိအားပေးဆောင်ရွက်နေ ကြောင်း The Nation သတင်းစာမှာ ဖော်ပြထားပါတယ်။

No comments:

Post a Comment