ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 14, 2012

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဥက္ကဋ္ဌ ဦးအေးသာအောင် က ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ဖို့တောင်းဆို

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်(ALD) ဥက္ကဋ္ဌ ဦးအေးသာအောင် က ဒေသခံပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ ကာကွယ်ဖို့၊ လုံခြုံရေးအရ အစိုးရ ၊ တပ်မတော်နဲ့ ဒေသဆိုင်ရာ အာဏာပိုင်များ အချိန်ကာလ တခုအထိ ပူးပေါင်းရမှာ ဖြစ်ကြောင်း၊ တပ်မတော်နဲ့အစိုးရ ကလည်း စစ်မှန်တဲ့ စေတနာဖြင့် ပြည်သူများကို တာဝန်ယူပေးစေလိုကြောင်း ပြောပါတယ်။

တချို့ကဆို ရခိုင်ဒေသ ပြဿနာဟာ တဘက်နိုင်ငံက တရားမ၀င် ၀င်ရောက်လာသည့် ဘင်္ဂါလီလူမျိုးများရဲ့ လူဦးရေတိုးပွားပြီး ဘာသာရေး ချဲ့ထွင်လိုမှု၊ နယ်မြေ ပိုင်ဆိုင်လိုမှုများအပေါ် အခြေခံတယ်လို့ ယူဆကြ ပါတယ်။

အသက် ၉၀ ကျော် သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက “ကျနော် ၁၉၅၆ ၀န်းကျင်မှာ ပါလီမန် အတွင်းဝန် ဘ၀နဲ့ အဲဒီဒေသကို သွားရောက်လေ့လာခဲ့တဲ့ အချိန်ကတည်းက ဘင်္ဂါလီတွေဟာ အဲဒီ နယ်စပ်တွေ မှာ ၀င်ရောက် ချယ်လှယ်နေကြပါပြီ၊ အခုချိန်မှာတော့ ထိန်းမနိုင်အောင် လူဦးရေ များနေတယ်၊ ဒီကိစ္စကို အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ကိုင်တွယ်မှ ရတော့မယ်”လို့ ဧရာဝတီကို ပြောပါတယ်။

ဘင်္ဂါလီတို့ဟာ လူဦးရေများပြားတဲ့အတွက် နယ်စပ်ဒေသနဲ့ နယ်မြေ လုံခြုံရေးအတွက် ကာကွယ်ရေး တပ်တခု ချထားကာ လူဝင်မှုကိစ္စကို တင်းကျပ် စွာ ကိုင်တွယ်ဖြေရှင်းမှသာ ရခိုင်ဒေသ တွင် ရေရှည် တည်ငြိမ်မှု ရရှိနိုင်မယ်လို့ ဦးချန်ထွန်း က ဆိုပါတယ်။

No comments:

Post a Comment