ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 14, 2012

လာဘ်ပေးလာဘ်ယူမှု ဆိုတဲ့ စွန်းထင်းေ န တဲ့ ဒီအမဲစ က်ကို မိမိတို့အစွမ်း ကုန်ချေဖျက် သွားကြဖို့ တိုက် တွန်း

အဂတိလိုက်စားမှုဟာ အောက်ခြေအဆင့်ဆင့်မှာ နေရာတိုင်းလိုလို ရှိနေသေးတဲ့အတွက် တာဝန်ရှိသူ အဆင့်ဆင့်တို့မှ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းသွားကြရမှာ ဖြစ်ပါတယ်။ လာဘ်ပေးလာဘ်ယူမှု ဟာ ပေး သူရော ယူသူပါ အကျင့်ပျက်တဲ့ သိက္ခာမဲ့လုပ်ရပ်ဖြစ်တဲ့အပြင် အစိုးရရဲ့ဂုဏ်သိက္ခာ၊ နိုင်ငံရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်စေတဲ့အတွက် ထိထိရောက်ရောက် အပြစ်ပေး အရေးယူခြင်း များဖြင့် တားဆီး သွားကြရန်လိုအပ်ပါတယ်။ ဖြူစင်သန့်ရှင်းတဲ့ အစိုးရတစ်ရပ် ဖြစ်ရေးအတွက် စွန်းထင်းေ န တဲ့ ဒီအမဲစ က်ကို မိမိတို့အစွမ်း ကုန်ချေဖျက် သွားကြဖို့ တိုက် တွန်းပါ တယ်။ အောက်ခြေက ဘယ်လိုပဲလုပ်လုပ်၊ လုပ်သမျှ အားလုံးဟာ အထက်အကြီးအကဲမှာသာ တာဝန် ရှိတယ်လို့ ခံယူပြီး ထိထိရောက်ရောက် ကိုင်တွယ် ဆောင်ရွက်သွားကြဖို့ ထပ်မံတိုက်တွန်းလိုပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်
(၁၃-၈-၂၀၁၂) နေပြည်တော်

No comments:

Post a Comment