ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 14, 2012

Samsung Galaxy Tab 2 (7.0) Student Edition ထွက်ရှိ

Samsung က သူ တို့ ရဲ့ ထုတ်ကုန်တွေထဲ က တစ်ခုဖြစ်တဲ့ Samsung Galaxy Tab 2 ကို ကျောင်း သားကျောင်းသူတွေ အသုံးပြုဖို့ အတွက် မျက်နှာပြင် အရွယ်အစား ၇ လက်မနဲ့ ထပ်မံ ထုတ်လုပ်ဖြန့် ချိ လိုက်ပါတယ်။ 
  ယခင် Galaxy Tab တွေမှာ အသုံးပြုခဲ့တဲ့ အရာတွေကို အခြေခံပြီး Tourchscreen နဲ့ Dual core processor တို့ အဆင့်မြှင့်ထုတ်လုပ်ထား တယ်လို့ သိရပါတယ်။
Samsung Galaxy Tab 2 Student Edition မှာ ၇ လက်မ Tourchscreen မျက်နှာပြင်နဲ့ resolution ကို 1024 x 600 pixels အထိထောက်ပံ့ပေးထား ပြီး processor ကိုတော့ 1GHz TI OMAP4 Dual Core Processor ဖြင့် အားဖြည့်တပ်ဆင်ထားပါတယ်။ Plastic casing အပြင် Keyboard အသုံးပြု နိုင်ရန် Docking တစ်ခုပါဝင်ပြီး၊ USB ပါ အသုံးပြုနိုင်ရန် Adapter တစ်ခု ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ ဈေးနှုန်းကိုတော့ $ 249.99 အဖြစ် လက်လီဖြန့် ချီသူတွေဆီကနေ၀ယ်ယူရရှိနိုင်ပါတယ်။
from:AF Ijournal

No comments:

Post a Comment