ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 14, 2012

အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေပြဋ္ဌာန်း


၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် (၁၃)၊ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၁၃၇၄ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၈ ရက်၊ (၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်) နေ့တွင် ပြဋ္ဌာန်းလိုက်သည်။ အဆိုပါ ပြဋ္ဌာန်းချက်တွင် ဤဥပဒေကို အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေဟု ခေါ်တွင်စေရမည်။ ဤဥပဒေတွင် ပါရှိသော- (က) “ပြည်ထောင်စုအစိုးရအဖွဲ့” ဆိုသည်မှာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရအဖွဲ့ကို ဆိုသည်။ (ခ) “ဝန်ကြီးဌာန” ဆိုသည်မှာ ဤဥပဒေအရ စီမံခန့်ခွဲရန် ပြည်ထောင်စုအစိုးရအဖွဲ့၏ တာဝန်ပေးအပ်ခြင်းခံရသော ပြည်ထောင်စု ဝန်ကြီးဌာနတစ်ခုခုကို ဆိုသည်။ (ဂ) “အရေးကြီးကုန်စည်” ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော သက်ရှိကုန်စည် သို့မဟုတ် သက်မဲ့ကုန်စည် တစ်မျိုးမျိုးကို ဆိုသည်။ (ဃ) “အရေးကြီး ဝန်ဆောင်မှု” ဆိုသည်မှာ ဤဥပဒေအရ ဝန်ကြီးဌာန တစ်ခုခုက အခါအားလျော်စွာ သတ်မှတ်သော ဝန်ဆောင်မှုတစ်မျိုးမျိုးကို ဆိုသည်။ စသည့်စကားရပ်များသည် ဖော်ပြပါအတိုင်း အဓိပ္ပါယ် သက်ရောက်စေရမည်ဖြစ်ကြောင်း သိရသည်။ ပြဋ္ဌာန်းချက်အပြည်အစုံအား ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

No comments:

Post a Comment