ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, August 14, 2012

ရန်ကုန်-ဒလ သင်္ဘောဆိပ်၌ i-pay ကတ် သုံးစွဲမှု ပြည်သူများ ပိုမိုစိတ်ဝင်စားလာ


ရန်ကုန်-ဒလ သင်္ဘောဆိပ်၌ ခရီးသွားပြည်သူများ i-pay ကတ်သုံးစွဲမှုကို ပိုမိုစိတ်ဝင်စားလာကြပြီး ခရီးသွားရာ၌ အဆင်ပြေလွယ်ကူ ချောမွေ့ကြောင်း အဆိုပါခရီးသည်များထံမှ သိရသည်။ i-pay ကတ်သုံးစွဲမှုကို နိုင်ငံတစ်ဝန်း၌ ယခုနှစ် ဧပြီလဆန်းပိုင်းမှစ၍ ရန်ကုန်မြို့တွင်းရှိ ခရီးသည်တင် အထူးယာဉ်လိုင်းများ၌ စတင်အသုံးပြုလာရာ ရုံးသွားရုံးတက်၊ အလုပ်တက် အလုပ်ဆင်း ဝန်ထမ်းများအတွက် ငွေအကြွေအခက်အခဲ ပြဿနာ မရှိတော့၍ အသုံးပြုရာတွင် ပိုမိုအဆင်ပြေ လွယ်ကူကြောင်း i-pay ကတ် သုံးစွဲသူ ပြည်သူများထံမှ သိရသည်။ သို့ဖြစ်၍ ယခုအခါတွင် မော်တော်ယာဉ်လိုင်းများတွင်သာမက ရန်ကုန်-ဒလ နေ့စဉ်ပုံမှန် ပြေးဆွဲလျက်ရှိသည့် သင်္ဘောခရီးစဉ်တွင်ပင် i-pay ကတ်အသုံးပြုမှုကို ဇွန်လဆန်းပိုင်းမှ စတင်ပြီး ကစ္ဆပနဒီကုမ္ပဏီက ဦးဆောင်၍ ခရီးသွားပြည်သူများ ခေတ်မီမီ အဆင်ပြေလွယ်ကူစွာ သွားလာနိုင်စေရန် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်၍ i-pay ကတ် အရောင်းမြှင့်တင်ရေး ဝန်ထမ်းတစ်ဦးဖြစ်သည့် ကိုနိုင်သူလင်းက ပြောကြားရာတွင် “ကျွန်တော်တို့ ကုမ္ပဏီက ခရီးသွားပြည်သူတွေ အဆင်ပြေစေပြိး နေ့စဉ် အကြွေပြဿနာ မဖြစ်ပေါ်စေရအောင် ယခုလို လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ပြည်သူတွေအနေနဲ့ အသုံးပြုမယ် ဆိုရင်တော့ ပထမဆုံးကတ်တစ်ကတ်ကို ကျပ်သုံးရာနဲ့ဝယ်ပြီး မိမိတတ်နိုင်သလောက် ကျပ်ခုနှစ်ရာမှ ကျပ်တစ်သိန်းအထိ ငွေဖြည့်ထားနိုင်ပါတယ်။ အကယ်၍ အသုံးပြုရင်း အကြောင်းအမျိုးမျိုးကြောင့် ကတ်ချွတ်ယွင်းပျက်စီး ပျောက်ဆုံးသွားခဲ့ရင် ကုတ်နံပါတ် မှတ်မိပါက ယခင်ရှိတဲ့ ငွေပမာဏမလျော့ဘဲ ကတ်အသစ် ပြန်လည် ထုတ်ပေးပါတယ်။ ယခင် ကတ်ဟောင်းကိုလည်း အသုံးပြုလို့မရတော့အောင် ပြန်ပြီးတော့ ပိတ်ပေးပါတယ်။ ယခုအချိန်ထိ ကျွန်တော်တို့ ကတ် ၃၀၀၀ ကျော်လောက် ရောင်းချပြီးပါပြီ။ နိစ္စဓူဝ သွားလာနေကြတဲ့ ဝန်ထမ်းများနဲ့ ခရီးသည်များ အထူးအဆင်ပြေအောင် လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ်” ဟု ၄င်းကရှင်းပြသည်။ ယခုအခါတွင် i-pay ကတ်ကို ရန်ကုန်မြို့တွင်း၌ ခရီးသည်တင် အထူးယာဉ်လိုင်းများ ဖြစ်သည့် အဓိပတိ(အနီ၊ အပြာ၊ အဝါ)၊ ရန်ကုန်-လှော်ကား ၁၂၄၊ ၁၉၇ စသည့် ယာဉ်လိုင်းများတွင် i-pay ကတ်စနစ် အသုံးပြု၍ အောင်မြင်စွာ ပြေးဆွဲပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၁ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

No comments:

Post a Comment