ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

စစ်ရေးလျှို့ဝှက်ချက်များကို မြောက်ကိုရီးယား ခိုးယူနေကြောင်း တောင်ကိုရီးယားစွပ်စွဲ




From : (အေအက်ဖ်ပီ) ဖြိုးဝင်းကိုကို ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)
ဆိုးလ်- မြောက်ကိုရီးယားက ၎င်း၏ စစ်ရေးလျှို့ဝှက်ချက်များကို ခိုးယူပြီး အများပြည်သူ တည်ငြိမ်မှုကိုနှောင့်ယှက်ရန် ထိပ်တန်း ကွန်ပျူတာ ဟက်ကာ များကို မွေးမြူလေ့ကျင့်နေကြောင်း တောင်ကိုရီးယား စစ်ရေးလုံခြုံမှု အကြီးအကဲက ကြာသပတေးနေ့၌ စွပ်စွဲ ခဲ့သည်။
"မြောက်ကိုရီးယားက ကျွန်တော်တို့ရဲ့ ကာကွယ်ရေး သတင်းအချက်အလက် စနစ်ကို ပျက်ယွင်းအောင်၊ ကျွန်တော်တို့ရဲ့ စစ်ရေး သတင်းအချက်အလက် ကွန်ရက်တွေကို ဖျက်ဆီးနိုင်တဲ့ ကျွမ်းကျင်ဟက်ကာတွေကို အသုံးပြုနေ ပါတယ်"ဟု တောင်ကိုရီးယား ကာကွယ် ရေးလုံခြုံမှုတပ်မှူး ဘေဂျူဝှစ်က လုံခြုံရေး ဖိုရမ်တစ်ခုတွင် ပြောကြားခဲ့သည်။
၎င်းက ဆက်လက်ပြောကြားရာတွင် မြောက်ကိုရီးယားသည် ဆိုက်ဘာ အကြမ်းဖက်မှုကို အသုံးပြုပြီး ၎င်းတို့၏ အဓိက အခြေခံ အဆောက်အအုံများကို ဖျက်ဆီးကာ လူမှုရေးကသောင်းကနင်း ဖြစ်မှုကို ဖန်တီးနေသည်ဟုလည်း ၎င်းကဆိုသည်။
ကိုရီးယားတက္ကသိုလ်၏ ပါမောက္ခ လီဒေါင်ဟွန်းက ယင်းဖိုရမ်ကို ပြောကြား ရာတွင် မြောက်ကိုရီးယားသည် ခေါင်းဆောင်သစ် ကင်ဂျုံအန်း၏ တိုက်ရိုက်ထိန်းချုပ်မှု အောက်တွင် ဟက်ကာ ၃,၀၀၀ ခန့်ရှိသော အထူး တပ်ဖွဲ့ကို တည်ထောင်ထားသည်ဟု ဆိုသည်။
၂၀၁၁ ခုနှစ်၊ မတ်လနှင့် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လတို့တွင် မြောက်ကိုရီးယားသည် ၎င်းတို့၏ အစိုးရအေဂျင်စီများ၊ ဘဏ္ဍာရေး အဖွဲ့ အစည်းများ၏ ၀က်ဘ်ဆိုက် များကို တိုက်ခိုက်ခဲ့သည်ဟု တောင်ကို ရီးယားက စွပ်စွဲထားခဲ့သည်။
၂၀၁၁ ခုနှစ်၊ မေလတွင် မြောက်ကို ရီးယား၏ ဆိုက်ဘာတိုက်ခိုက်မှုကြောင့် တောင်ကိုရီးယား၏ အကြီးမားဆုံး ဘဏ်တစ်ခု လုပ်ငန်းစဉ် ပျက်ယွင်း ခဲ့ရသည်ဟုဆိုသည်။
၂၀၀၉ ခုနှစ်တွင်လည်း မြောက်ကို ရီးယား၏ DDos တိုက်ခိုက်မှုကြောင့် ပြုံယန်းရှိ ကောလိပ်ကျောင်းသားများ ထကြွခဲ့ရကြောင်း ပါမောက္ခ လီဒေါင် ဟွန်းက ဆိုသည်။
တောင်ကိုရီးယား Gps စနစ်ကို နှောင့်ယှက်ရန် ရည်ရွယ် ထားသည့် Signals လိုင်းများ ထုတ်လွှင့်မှုအတွက်လည်း မြောက်ကိုရီးယား ၏ ၎င်းအဖွဲ့က တာဝန်ရှိကြောင်း ယင်းပါမောက္ခက ဆိုသည်။
ဧပြီလ ၂၈ ရက်နှင့် မေလ ၁၃ ရက် နေ့အတွင်း၌လည်း တောင်ကိုရီးယားရှိ အရပ်သား လေယာဉ်များနှင့် သင်္ဘောများ၏ Gps စနစ်များကို နှောင့်ယှက်ခဲ့သည်ဟု တောင်ကိုရီးယားက ပြီးခဲ့သော လတွင် မြောက်ကိုရီးယားအား စွပ်စွဲခဲ့သည်။
ဤစွပ်စွဲချက်မှာ လုပ်ကြံ စွပ်စွဲမှုသာဖြစ်သည်ဟု မြောက်ကိုရီးယားက ပြန်လည်ချေပခဲ့သည်။

No comments:

Post a Comment