ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

ပထမဦးဆုံး အကြိမ်အွန်လိုင်း ကားပြပွဲ ပြုလုပ်မည်



From :အင်တာနက်


ပြည်တွင်းမှာ ပထမဆုံး အကြိမ် အဖြစ် ပြသမယ့် 2012 Monsoon Oline Car Expo ပြပွဲကို သြဂုတ်လ ၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိ ပြုလုပ် သွားမယ်လို့
သိရပါတယ်။ အဆိုပါ အွန်လိုင်း ကားပြပွဲကို iBiz Service Provider Co.,Ltd မှ
ကြီးမှူးကျင်းပမှာ ဖြစ်တယ်လို့ ဇွန်လ ၁၅ ရက်နေ့က City Star ဟိုတယ်မှာ ပြုလုပ်တဲ့ စာနယ်ဇင်း ရှင်းလင်းပွဲက သိရပါတယ်။ အဆိုပါ ပြပွဲမှာ ကားအရောင်းပြခန်းများ၊ အကြီးစားနဲ့ အလတ်စား လုပ်ငန်းသုံး ယာဉ်များ၊ ကားဘက်ထရီနဲ့ ကားတာယာများ၊ ကားအပို ပစ္စည်း များနဲ့ ကားပြုပြင်ရေး လုပ်ငန်းများ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် မော်တော်ယာဉ် ထုတ်လုပ် ရောင်းချ သူများနဲ့ ကိုယ်စားလှယ်တွေ အပါအ၀င် ကားနဲ့ ပတ်သက်တဲ့ လုပ်ငန်း လုပ်ကိုင်သူ တွေလည်း ပါဝင်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ပြပွဲကို ပြုလုပ် ရတာဟာ ကားဝယ်သူနဲ့ ရောင်းသူ အကြား ဈေးနှုန်း ချိုသာစွာနဲ့ အလွယ်တကူ ရောင်းဝယ်မှု ပြုလုပ် နိုင်အောင် ရည်ရွယ် ပြုလုပ်တာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment