ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

နိုဘယ်ဆုပေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည် ၁ နာရီ ကျော် ကြာအောင် မိန့်ခွန်း ပြောကြားခဲ့သော်လည်း ဘာတွေလုပ်ခဲ့လို့ နိုဘယ်ဆု ရခဲ့တယ်ဆိုတဲ့ အကြောင်း လုံးဝ မပါ


မနေ့က နော်ဝေနိုင်ငံမှာ ကျင်းပတဲ့ ထူးထူးဆန်းဆန်း အချိန်အခါမဟုတ် ဖန်တီးရွေးချယ်ပေးတဲ့ နိုဘယ်ဆုပေး မှာ ဒေါ်အောင်ဆန်းစုကြည် က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ နိုဘယ်ဆုပေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မှ ၁ နာရီ ကျော် ကြာအောင် မိန့်ခွန်း ပြောကြားခဲ့သော်လည်း သူမ အနေနဲ့ မြန်မာ နိုင်ငံနဲ့ မြန်မာ တိုင်းရင်းသား ပြည်သူတို့အတွက် ဘာတွေလုပ်ခဲ့လို့ နိုဘယ်ဆု ရခဲ့တယ်ဆိုတဲ့ အကြောင်း လုံးဝ မပါ ဘူးလို့ သိရပါတယ်။

မိန့်ခွန်းအစမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ သားဖြစ်သူ မြန်မာစကားမပြောတတ်တဲ့ အလက်ဇန္ဒားနဲ့ မြန်မာနိုင်ငံကို ပစ်ထားကာ နိုင်ငံခြားမှာနေတုန်း ရေဒီယို နားထောင်တဲ့အကြောင်း ကို အစချီပြောထားပါတယ်။ အဲဒီနောက် ၁၉၈၉ တုန်းက သူမရဲ့ ချစ်လှစွာသော လင်ယောင်္ကျား ဖြစ်သေူ ဗြိတိန်နိုင်ငံသား မိုက်ကယ်အဲရစ်က ဒေါ်အောင်ဆန်းစုကြည်ကို နိုဘယ်ဆု မဖြစ်မနေ ပေးဖို့ သွားပြောတဲ့ အကြောင်း ကို ထည့်သွင်းပြောကြားသွားပါတယ်။

မိုက်ကယ်အဲရစ်က ငြိမ်းချမ်းရေး နိုဘယ်ဆု ကို ဒေါ်အောင်ဆန်းစုကြား အားပေးဖို့ ပြောပြီး ချိန်မှ ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးရဲ့ အဓိပ္ပါယ်ကို ပြန်လည်သုံးသပ်ဖို့ အသင့်တော်ဆုံး အချိန်လို့ ထင်မြင်တဲ့အချိန် ဖြစ်နေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် နိုဘယ်ဆု ရကြောင်း ကြေညာ ချိန်မှာလည်း ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သိပ်ပြီး မခံစားရကြောင်း သူမကိုယ်သူမလည်း အခြေအနေ ကို သိကြောင်း၊ သူမကိုယ်တိုင်က သိပ်ပြီး လက်တွေ့မဆန် ပဲ စိတ်ကူးသာ ရှိနေကြောင်း ပြောခဲ့ပါတယ်။

အဲဒီနောက်မှာ တော့ ထွေရာလေးပါးတွေကို တစ်နာရီ ကျော်အောင်ပြောပြီး နိဂုံးချုပ်သွားပါတယ်။ မိန့်ခွန်း အတွင်းမှာ မိုက်ကယ်အဲရစ်၊ အလက်ဇန္ဒားအဲရစ် ဆိုတဲ့ နာမည်များကို သာ ထုတ်ဖော် ပြောကြားသွားပြီး ဗိုလ်ချုပ်အောင်ဆန်း ဆိုတဲ့ စကားလုံးကိုတော့ လုံးဝ ထည့်သွင်းပြောကြားသွားခြင်း မရှိဘူးလို့ သိရပါတယ်။

အရှေ့တောင် အာရှ တွင် နိုဘယ်ဆု ရရှိသူ အနည်းအကျဉ်း သာရှိပြီး အများစု မှာ ဆုပေးသော်လည်း ၎င်း တို့အနေဖြင့် ဘာမှ ပြောင်ပြောင်မြောက်မြောက် လုပ်မပြီးသေးတာကြောင့် ဆု နှင့် မထိုက်တန် ဟု ပြောဆိုကာ ဆုယူဖို့ ငြင်းခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ စာအုပ်တွေ ပို့ပြီး ငြိမ်းချမ်းရေးနိုဘယ်ဆု ကို ပြုံးပြုံးကြီး ယူခဲ့ပါတယ်။

No comments:

Post a Comment