ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

ရုရှားနှင့် တရုတ်ဦးဆောင်သောအုပ်စုက ဆီးရီးယားတွင် ၀င်ရောက်စွက်ဖက်ရေးကို ဆန့်ကျင်



From : ခင်အောင် ဘာသာပြန်သည်။
အတွဲ ၂၉ ၊ အမှတ် ၅၇၃ (၁၅ - ၂၁ ၊ ၆ ၊ ၂၀၁၂)

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခေါင်းဆောင်များ။
ဓာတ်ပုံ-အေအက်ဖ်ပီ
ပေကျင်း- အစိုးရအဖွဲ့အား သစ္စာခံသည့် တပ်ဖွဲ့များက လူ ၁၀၀ အား ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့ကြောင်း ဆီးရီးယား အတိုက် အခံများက စွပ်စွဲပြောကြားပြီး နောက်တစ်နေ့တွင် ရုရှားနှင့် တရုတ်တို့ ဦးဆောင်သော ဒေသဆိုင်ရာ အုပ်စုတစ်စုသည် အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ရေး အရ
ဝင်ရောက်စွက်ဖက်မှုကို ၎င်းတို့ ဆန့်ကျင် ကြောင်း ဇွန်လ ၇ ရက်နေ့က ပြောကြားလိုက်သည်။
အဆိုပါ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(SOC)၏ ထုတ်ပြန် ကြေညာ ချက်တွင် "ဆီးရီးယားပြဿနာကို နိုင်ငံရေးအရ နှစ်ဦးနှစ်ဖက် ဆွေးနွေး ပြောကြားမှုအရ ငြိမ်းချမ်းစွာ ဖြေရှင်းရန်" တိုက်တွန်းပြော ကြားလိုက်ပြီး အီရန် နိုင်ငံအားဆန့်ကျင်၍ အင်အားအသုံး ပြုခြင်း ကိုလည်း လက်ခံနိုင်ဖွယ်မရှိကြောင်း ဖြည့်စွက်ဖော်ပြလိုက်သည်။
"အုပ်စုအဖွဲ့၏ အဖွဲ့ဝင်များသည် အဆိုပါဒေသ၏ ပြဿနာများနှင့် ပတ်သက်၍ စစ်ရေးအရ ၀င်ရောက် စွက်ဖက်ခြင်း၊ အာဏာလွှဲပြောင်း ပေးရန် အဓမ္မပြုခြင်းနှင့် တစ်ဖက်သတ် စီးပွားရေး ပိတ်ဆို့မှုပြုခြင်းတို့ကို ဆန့်ကျင်ကြောင်း" အဆိုပါ ရုရှား၊ တရုတ်နှင့် အီရန်တို့ အခြားနိုင်ငံအချို့ နှင့်အတူ တက်ရောက်သော ပေကျင်းတွင် ကျင်းပသည့် ထိပ်သီးအစည်း အဝေးအပြီးတွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြလိုက်သည်။
ရုရှားနှင့် တရုတ်တို့သည် ဆီးရီးယားတွင် နိုင်ငံတကာ ၀င်ရောက်စွက်ဖက်မှု ကို စိုက်လိုက်မတ်တတ် ဆန့်ကျင်ခဲ့ ကြသည်။
သို့သော် ၁၅ လကြာခဲ့ပြီ ဖြစ်သော ဆီးရီးယား တိုက်ခိုက်မှုများ တွင် လူပေါင်း ၁၃,၅၀၀ ကျော် သေဆုံးခဲ့ပြီးနောက်တွင်မူ ၎င်းတို့၏ လူသိရှင်ကြား ရပ်တည်ချက်ကို ပြောင်းလဲရန် တိုးတက်များပြားသော ဖိအားပေးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။
ပေကျင်း ထိပ်သီးဆွေးနွေးပွဲ၏ ပြင်ပ တွေ့ဆုံပွဲတွင် ရုရှားသမ္မတ ပူတင်က အီရန်သမ္မတအား ရုရှားနိုင်ငံက အီရန်၏ အဏုမြူ အစီအစဉ်အား ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေသမျှကာလ ပတ်လုံး ထောက်ခံအားပေးကြောင်း ပြောကြားခဲ့သည်။
ဇွန်လ ၆ ရက်နေ့တွင်လည်း တရုတ် ၀န်ကြီးချုပ် ၀မ်ကျားပေါင်က အရှေ့အလယ်ပိုင်းဒေသရှိ မည်သည့်နိုင်ငံမဆို နျူကလီးယား လက်နက် ပိုင်ဆိုင်ရန် ကြိုးပမ်းမှုအား ပေကျင်းက ဆန့်ကျင်ကြောင်း ပြောကြားလိုက်သည်။

No comments:

Post a Comment