ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

NDF ပါတီ ဥက္ကဌ နေရာ အား ဦးခင်မောင်ဆွေ ကို ခန့်အပ်



အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ NDF ပါတီတွင် မူဝါဒရေးရာ ကော်မတီအား ဖျက်သိမ်းမည့် အပြင် NDF ပါတီဥက္ကဌကို ယခင်ပါတီ ခေါင်း ဆောင်ဦး ခင်မောင်ဆွေ အားပြောင်း ရွှေ့တာဝန်ပေး အပ်ခဲ့ကြောင်းဇွန် (၁၃)နေ့ကပါ တီဌာနချုပ်တွင် ကျင်းပပြု လုပ်သည့် ဗဟိုအလုပ်အမှုဆောင် ကော်မတီ နှင့်မူဝါဒရေးရာ ကော်မတီပူးပေါင်း အစည်းအဝေး ကဆုံးဖြတ် လိုက်ခြင်း ဖြစ်ကြောင်း ပါတီ၏ သတင်းနှင့်ပြန် ကြားရေး အဖွဲ့ထံမှသိရသည်။

NDF ပါတီ ဥက္ကဌအ ဖြစ်တာဝန်ယူ ဆောင်ရွက်နေသော ဒေါက်တာသန်းငြိမ်းသည် အသည်း ကင်ဆာ ဖြင့် အနား ယူရမည်ဖြစ် သည့်အတွက် ကျန်းမာရေးအရအ နားယူရမည်ဖြစ်သော ကြောင့်ပါ တီဥက္ကဌ တာဝန်မှ ပါတီ ခေါင်းဆောင် တာဝန် အား လွှဲပြောင်း တာဝန်ယူသွားမည်ဖြစ်ပြီး ပါတီ ခေါင်း ဆောင်ဦး ခင်မောင်ဆွေ ကပါတီ ဥက္ကဌ တာဝန်ကိုပြောင်းလဲ တာဝန်ထမ်းဆောင် ရမည်ဖြစ် ကြောင်း သိရ သည်။

''ဟုတ်ပါတယ်။ ကျွန်တော်ကို ဥက္ကဌ အဖြစ်တာဝန် ပေးပါတယ်။ ဒါကို ဗဟိုဦးစီးညီလာ ခံမှာလည်း ဒီနေ့ပဲ (ဇွန်(၁၆ရက်) အဆိုတင် သွင်းပါတယ်။ ဗဟိုဦးစီး ရဲ့အတည်ပြုချက် ရယူရဦးမှာပါ။ ကျွန်တော် တို့ပါတီ ရဲ့ ဗဟို အလုပ် အမှုဆောင် ကော်မတီ အင်အား ကိုလည်း တိုးချဲ့သွားဖို့ရှိပါတယ်'' ဟု NDF ပါတီ၏ ခေါင်း ဆောင်အဖြစ် တာဝန်ယူဆောင်ရွက် လျှက်ရှိ သည့်ဦးခင်မောင်ဆွေကဆိုသည်။

အဆိုပါ ပူးပေါင်း အစည်းအဝေးတွင် မူဝါဒရေးရာကော် မတီအားဖျက်သိမ်းကြောင်း နှင့်အဆိုပါ ဖျက်သိမ်း သော ကော်မတီဝင် များက ဗဟိုအလုပ် အမှုဆောင်ကော် မတီတွင် ဆက်လက် တာဝန် ယူရန် နှင့် ဗဟိုအလုပ် အမှုဆောင် များထဲ မှနုတ်ထွက်သွား သည့်ဗဟိုအ လုပ် အမှုဆောင်ငါးဦး နေရာတွင် လက်ရှိဗဟို အလုပ်အမှုဆောင် ငါးဦးအား တာဝန်ပေးအပ်ရန်စသည်တို့ကို ဆုံးဖြတ်ခဲ့ ကြ ကြောင်း သိရသည်။

အထက်ပါ ဆုံးဖြတ်ခဲ့ သည့် အကြောင်းအရာများ ကိုလည်း ဇွန်(၁၆)ရက်နေ့နှင့်(၁၇)ရက်နေ့ တို့တွင် ကျင်းပပြု လုပ်မည့် တတိယအကြိမ်မြောက် ဗဟိုဦးစီးညီလာ ခံတွင် တင်သွင်း ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရ သည်။

ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲဝင်ခြင်း က လမ်းမှားကို သွားစေတယ်လို့ အယူအဆ မှားယွင်းကာ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ခြင်းကြောင့် NLD မှ ခွဲထွက်ကာ NDF အဖြစ် ပေါ်ပေါက်လာခြင်းဖြစ်သည်။ အခုတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ နောင်တကြီးစွာရပြီး ၎င်း၏ ပါတီကိုလည်း NDF နောက်တွင် မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ဆုံဖြတ်ချက် မှားယွင်းမှုအပေါ်တွင်တော့ တစုံတရာ တောင်းပန်ခြင်း မရှိခဲ့ချေ။

No comments:

Post a Comment