ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, June 17, 2012

ရေအား လျှပ်စစ် စီမံကိန်း ဒီဇိုင်း ပညာရပ်များအတွက် လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနနှင့် ဂျပန် ကုမ္ပဏီ တစ်ခုတို့ လက်မှတ် ရေးထိုး



From :MRTV4



ဇွန်လ ၁၄ ရက်နေ့က ပြည်တွင်းရဲ့ ရေအား လျှပ်စစ် စီမံကိန်းတွေ အတွက် သိုလှောင်ကန် ဒီဇိုင်း ရေးဆွဲခြင်း နည်းပညာ တွေနဲ့ ပတ်သက်ပြီး အမှတ် ၁ လျှပ်စစ်
စွမ်းအား ၀န်ကြီးဌာနနဲ့ ဂျပန် ကုမ္ပဏီ တစ်ခုတို့ လက်မှတ်ရေးထိုး ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ လက်မှတ်ရေးထိုးမှု အရ နည်းပညာ တွေကို ပူးတွဲ လေ့ကျင့်ရေး အနေနဲ့ ရေးဆွဲပြီး အင်ဂျင်နီယာ ဒီဇိုင်းဆိုင်ရာ တွေကို နည်းပညာ ဖလှယ် သွားမှာ ဖြစ်ပါတယ်။

အခုလို အမှတ် ၁ လျှပ်စစ် စွမ်းအား ၀န်ကြီး ဌာနနဲ့ လက်မှတ် ရေးထိုးခဲ့တဲ့ ဂျပန် ကုမ္ပဏီ ကတော့ NEW JEC Inc ဖြစ်ပြီး ရေးဆွဲခဲ့တဲ့ စာချုပ်သက်တမ်း ကာလ ကတော့ ၂ နှစ် ဖြစ်တယ်လို့ သိရပါတယ်။ အခုလက်ရှိ ပြည်တွင်းမှာ ပြုလုပ်လျက်ရှိတဲ့ စီမံကိန်း တွေဟာ ရေအား လျှပ်စစ် စီမံကိန်းတွေ အပြင် ကျောက်မီးသွေးမှ လျှပ်စစ် စွမ်းအား ထုတ်လုပ်မှု တွေလည်း ပါဝင်ပါတယ်။ ဒီလို ပြုလုပ်တဲ့ စီမံကိန်း အလိုက် နည်းပညာ ကွာခြားမှု ရှိတာကြောင့်လည်း အဆိုပါ ဂျပန်ကုမ္ပဏီ ကနေ နည်းပညာ အထောက်အကူ တစ်ခုဖြစ်တဲ့ Safty High Technology တွေရရှိနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment