ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံက တောသူ မြို့ရောက်သလို ဖြစ်နေတယ်" ဟု လွှတ်တော် အမတ်များက ဝေဖန်


ဒီကနေ့ ပထမဆုံး လွှတ်တော်တက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ယောင်နန နဲ့ ဟိုငေး ဒီငေါင် ဟိုဟာမေး ဒီဟာမေး ဖြစ်နေပြီး "ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံစံက တောသူ မြို့ရောက်သလို ဖြစ်နေတယ်" ဟု လွှတ်တော် အမတ်အချို့ က ဝေဖန်သုံးသပ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။



တောသူ မြို့ရောက် ဖွားဖွား


သူရဦးရွှေမန်းလာလို့ မက်တပ်ရပ်ပေးနေရသော နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော် တော်ထဲမှာ အမြင်ဖူးတာတွေ လိုက်ကြည့်နေလို့ ဘေးနားမှ အခြားလွှတ်တော် အမတ်မချို့က ထိန်းထားရကြောင်း သိရပြီး ဒီဗွီရိုက်မယ်ဆိုလို့ မိတ်ကပ်တွေလည်း အသက်အရွယ်နဲ့ မလိုက်အောင် လိမ်းချယ်ထားကြောင်း သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်ခုံနေရာမှာ နောက်ဆုံးတန်းမှာ ဖြစ်ပြီး လွှတ်တော်ဥက္ကဌနဲ့ တော်တော်ဝေးတာကြောင့် မျက်မှန်တောင် တက်ထားရတယ်လို့ သိရပါတယ်။


လွှတ်တော်တက်ရင် ဒီဗွီထဲ ပါမယ်ဆိုလို့ မိတ်ကပ်တွေ ဟောလောက် အများကြီး လိမ်းလာတာ

နောက်ဆုံးတန်းမှာ ထိုင်ရတော့ မျက်စိက မမြင်တော့ဘူးပေါ့

နောက်ဆုံးတန်းမှာ ထိုင်ရလို့ စိတ်မပျက်ပါနဲ့ ဖွားဖွားရေ ဖွားဖွားနောက်မှာ သန့်ရှင်းရေး သမား ရှိပါတယ်

No comments:

Post a Comment