ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

KIA တပ်ဖွဲ့ အောက်လမ်းနည်းသုံးနေပြီလား ????



From : KDN
ဇူလိုင် ၀၉ရက်
ပြီးခဲ့နှစ် ဇွန်လ လောက်တုန်းက မိုးကောင်းမြို့နယ်၊ နန့်ဟိုင်းရွာမှ ရွာသား ၁၁ဦးကို KIA ရင်း (၆)မှ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြီး ဦးအောင်ကိုဟိန်း၊ ဦးပချန်ယော်၊ ဦးခါးအောင်နဲ့ ဦးနော်လွန်း တို့(၄)ဦးကို ညှင်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ပါတယ်။ ယခုအခါ KIA ဗဟိုရဲ့ အမိန့်နဲ့ ဒီလ ၆ရက်နေ့တုန်းက ကာမိုင်းမြို့နယ်မှူး ဦး ပခေါင်းလရိန်းနဲ့ KIA ရင်း (၆)မှ အဖွဲ့ဝင်(၇)ဦးမှာ သတ်ဖြတ်ခံရသူ (၄)ဦးမြုပ်နှံထားတဲ့ ကျင်းများမှ အရိုးစု အစိတ် အပိုင်းများအား လာရောက်တူးဖော်ခဲ့ပြီး ဦးလခေါင်းလရိန်ကိုယ်တိုင် KIA ဗဟိုသို့ပိုဆောင်ခဲ့မယ်လို့ဒေသခံတစ်ဦး ပြောပြချက်အရသိရပါတယ်။

သေဆုံးသူတွေဟာ KIA က ရက်ရက်စက်စက်အသတ်ခံထားရတဲ့အတွက် အစိမ်းသေတွေ ဖြစ်သွားခဲ့ ပါတယ်။ အခုက အဲဒီအရိုးစုတွေကို ပြန်ပြီးတူးဖော်ပြီး ဗဟိုကို လာပို့ခိုင်းနေတယ်ဆိုတော့ စဉ်းစားစရာတွေ ဖြစ်နေပါတယ်။ အစိုးရတပ်တွေနဲ့ တိုက်ခိုက်လို့ဆုံးရှုံးမှုတွေ များနေတာဖြစ်တဲ့ အတွက် အောက်လမ်း နည်းတွေကို အသုံးပြုတော့မယ်ထင်ပါတယ်။ ဘာလုပ်မယ်ဆိုတာကို သေသေချာချာမသိရပေမယ့် KIA တပ်ဖွဲ့ဝင် တချို့ရဲ့ ပြောပြချက်အရ အစိုးရတပ်လာတိုက်ရင် လိုင်ဇာကိုကာကွယ်ဖို့အတွက် အခုလို အစိမ်းသေ အရိုးတွေကို လာရောက် တူးဖော်ခိုင်းနေတယ်လို့ ဒေသခံတစ်ဦးကပြောကြားခဲ့ပါတယ်။

No comments:

Post a Comment