ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

ဦးမြင့်ဆွေ အား ဒုတိယ သမ္မတ ရာထူးအတွက် အဆိုတင်သွင်း



လစ်လပ်နေသော ဒုတိယ သမ္မတ နေရာအတွက် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဝေလင်းက အဆိုတင်သွင်းလိုက်ကြောင်း သတင်းရရှိပါတယ်။

ဦးမြင့်ဆွေသည် တပ်မတော်တွင် ဒုတိယဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တိုင်းမှူး ၊
တပ်မတော် စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ချုပ် စသည်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ဦးမြင့်ဆွေသည် ၂၀၁၀ ရွေးကောက်ပွဲ ကာလ ကတည်းကပင် သမ္မတဖြစ်မည်ဟု နာမည်ထွက်နေသူများ စာရင်းတွင် ပါရှိသူ ဖြစ်ပြီး ယခုလည်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အားလုံးက တိုင်းပြည်အတွက် အများကြီး အလုပ်လုပ်နိုင်မယ့်သူလို့ ယုံကြည်ခြင်းခံရကာ ၎င်း အားရွေးချယ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

ဒီကနေ့ အဆိုတင်သွင်းပြီးနောက် အခြေခံဥပဒေ နှင့် ကိုက်ညီမှု ရှိမရှိ စစ်ဆေးအပြီး မကြာခင်မှာ ဦးမြင့်ဆွေအား ဒုတိယ သမ္မတရာထူး ကို ခန့်အပ်တာဝန်ပေးမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။

ဦးမြင့်ဆွေ ဒုသမ္မတဖြစ်လာပါက ရန်ကုန် တိုင်းဝန်ကြီးချုပ် အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်ချုပ်ဝေလွင် ဖြစ်လာနိုင်ကြောင်း သတင်းများလည်း ထွက်ပေါလျှက်ရှိပါတယ်။

No comments:

Post a Comment