ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 10, 2012

ဗိုလ်ချုပ်အောင်ဆန်းစကားတောင်နားမလည်ပဲရမ်းကားခွပ်နေသော facebook ခွပ်ဒေါင်းများ ။


From :ကို ခိုင်ဇော်ဒေါ်စု ဥရောပခရီးစဉ်မှာ BURMA လို့ သုံးသွားတာနဲ့ ပတ်သက်ပြီးတော့ MYANMAR ဆိုတဲ့အမည်က
စစ်အစိုးရကပြည်သူကိုအသိမပေးပဲပြောင်းသွားလို့ ဒီမြန်မာဆိုတာကိုမသုံးတာဖြစ်ကြောင်း၊ မြန်မာဆိုတာ
စစ်အစိုးရပြုလုပ်ခဲ့တဲ့အခေါ်ဝေါ်ဖြစ်လို့ အရင်ကခေါ်တဲ့ ဘားမားကိုပဲသုံးတဲ့သဘောမျိုးဖြေရှင်းထားတာကို

တွေ့ ရပါတယ် ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျေနပ်သူ မကျေနပ်သူတွေအငြင်းပွားခဲ့ကြတယ်။ facebook ပေါ်မှာ
အဆိုးဆုံးပေါ့ဗျာ ။ ဒါနဲ့ ကျွန်တော်လဲအွန်လိုင်းမှာသူငယ်ချင်းတယောက်ဆီကတွေ့ တဲ့ ဟိုအရင်က
ဗိုလ်ချုပ်အောင်ဆန်း အဆိုတင်သွင်းထားခဲ့တဲ့ စာတမ်းတခုမှာ မြန်မာဆိုတဲ့အခေါ်အဝေါ်သုံးထားပြီး
မြန်မာ ဆိုတဲ့အမည်သည်ယခင် ဗိုလ်ချုပ်ကိုယ်တိုင်အဆိုတင်သွင်းထားကြောင်းကိုပြောကာ
ဒီမိုကရေစီနှင့်လွတ်လပ်စွာပြောဆိုခွင့်တန်ဖိုးထားပါသည်ဟုဆိုသော facebook ပေါ်မှ NLD ဂရုတခုပေါ်တွင
POST တင်ကာဖော်ပြလိုက်သည် ။

ို

သို့ သော်လည်း ဗိုလ်ချုပ်အောင်ဆန်းအဆိုပင်ဖြစ်လင့်ကစား ထို facebook ခွပ်ဒေါင်းဂရုသည်အကြောင်းပြချက်မရှိပဲ
ထို post ကိုဖျက်ပြစ်လိုက်သည် ။ ထို့ ကြောင့်ကျွန်တော်သည် ထို facebook ပေါ်မှ NLD အမည်နှင့်ဂရုအား
ကျွန်တော်ယခုတင်သောအဆိုသည် ကျွန်တော်ပြောထားသည်မဟုတ်ပဲ ဗိုလ်ချုပ်အောင်ဆန်း တင်သွင်းခဲ့သောအဆို
ဖြစ်ပြီး ၊ ရိုင်းပြသောဆဲဆိုထားသည်လဲမဟုတ် ၊ ကျွန်တော့်အာဘော်သဘောထားကိုပြောနေခြင်းလဲမဟုတ်ပဲ
အမျိုးသားခေါင်းဆောင်ကြီးတဦးရဲ့စာကိုဘာကြောင့် ထို facebook ပေါ်မှ NLD အမည်နှင့်ဂရု ကလက်မခံရသနည်း
ဟုမေးမြန်းခဲ့ရာတွင်လည်း ထိုသို့ မေးသောစာပါ ဖျက်ပြစ်လိုက်ကြသည် ။ ထို့ နောက်ကျွန်တော့်ကိုပါ ထိုဂရုထဲမှ
ထုတ်ပြစ်လိုက်ပါသည်။
ဒီမိုကရေစီကိုမြတ်နိုးပြီး လူ့ အခွင့်ရေး လွတ်လပ်စွာပြောဆိုခွင့် တရားမျှတခြင်းဆိုတဲ့စကားကိုတချိန်လုံးအော်
နေသော ထို facebook ပေါ်မှ NLD အမည်နှင့်ထိုဂရုသည် ဗိုလ်ချုပ်အောင်ဆန်းရဲ့ အဆိုတင်သွင်းခေါ်ဝေါ်ခဲ့သော
စာကိုတင်မိသောကြောင့် ဖျက်ပြစ်ခြင်း၊ အကြောင်းပြချက်ပွင့်လင်းမြင်သာမှုဘာမှပေး မရှိပဲနှင့် ထုတ်ပြစ် ဖျက်ပြစ်
ခြင်းများကိုတွေ့ လိုက်ရသဖြင့်သူတို့  ပြောပြောနေသောမူဝါဒနှင့် သူတို့ လက်ရှိကျင့်သုံးနေသည်မှာ
လုံးလုံးကြီးဆန့် ကျင်နေကြောင်း ကိုယ်တွေ့ ကြုံလိုက်ရပါသည် ။
ဒါကတော့ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင်တင်သွင်းခဲ့သောအဆိုကို တင်ပြမိသောကြောင့်
ဗိုလ်ချုပ်ကိုလေးစားပါသည်လို့ဆိုသော facebook ပေါ်မှ NLD ဂရု တခုရဲ့အာဏာရှင်ဆန်ဆန်
လုပ်ဆောင်ချက်ပါခင်ဗျား ။
ဗိုလ်ချုပ်ရဲ့စကားတောင်နားမလည်ပဲရမ်းကားခွပ်နေသော facebook ခွပ်ဒေါင်းများပါခင်ဗျားးးး ။

No comments:

Post a Comment